ကိုဗစ်ကုထုံးအသစ်တွေ့ရှိခဲ့တဲ့ (၁၄)နှစ်အရွယ်ကောင်မလေးဒေါ်လာ (၂၅၀၀၀)ဆုကြေးရ

အမေရိကန် တက္ကဆက်ပြည်နယ်မှာ နေထိုင်တဲ့ အသက်(၁၄)နှစ်သာရှိသေးတဲ့ ကောင်မလေးတစ်ယောက်ဟာ မထင်မှတ်ဘဲ အလားအလာကောင်းတဲ့ ကိုဗစ်ကုထုံးအသစ်တစ်ခုကို တွေ့ရှိခဲ့တာကြောင့် ဒေါ်လာ(၂၅၀၀၀)အထိ ဆုကြေးရရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကောင်မလေးအမည်ကတော့ Anika Chebrolu ဖြစ်ပါတယ်။

Anika ဟာ Frisco က အလွတ်အထက်တန်း ကျောင်းသူဖြစ်ပြီး၊ သူမရဲ့ လုပ်ဆောင်နိုင်စွမ်းကြောင့် အမေရိကန်ရဲ့ အသက်အငယ်ဆုံး သိပ္ပံပညာရှင်အဖြစ် သတင်းမီဒီယာတွေရဲ့ ကောင်းချီးပေးမှုကို ခံနေရပါတာယ်။ Anika ဟာ သူမရဲ့ လုပ်ဆောင်ချက်ကြောင့် 2020 3M Young Scientist Challenge မှာ ဆုရရှိခဲ့တာပါ။

သူမဟာ မော်လီကျူးတစ်ခုကို ဖန်တီးခဲ့ပြီး၊ ၎င်းဟာ ကိုဗစ်ဗိုင်းရပ်စ်အ ပေါ်က တိကျတဲ့ပရိုတင်းတွေနဲ့ ပေါင်းစပ်နှီးနွယ်နိုင်ပါတယ်။ ဒီလို ပေါင်း စပ်နီးနွယ်ခြင်းအားဖြင့် အဆိုပါ ပရိုတိန်းဓာတ်ရဲ့ လုပ်ဆောင်ချက်တွေကို ရပ်တန့်စေနိုင်ပါတယ်။ သူမဟာ ဒြပ်ပေါင်း (၆၈၂)သန်းကျော်ရဲ့ ဒေတာဘေ့စ်နဲ့အတူ ဒီလုပ်ဆောင်ချက်ကို စတင်နိုင်ခဲ့တာလို့ CBS သတင်းနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ပါတယ်။

Anika ဟာ သန်းပေါင်းများစွာသော ဆေးဝါးသွင်ပြင်လက္ခဏာများအ တွက်ဂုဏ်သတ္တိများ၊ ADMET ဂုဏ်သတ္တိများနဲ့၊ Array of software tool တွေကို သုံးပြီး၊ ပရိုတိန်းဆန့်ကျင် နှီးနွယ်မှုများကို ခင်းကျင်းပြသနိုင်ခဲ့ပါတယ်။ သိပ္ပံပညာရဲ့ မတူညီတဲ့ရှုထောင့်ကနေ မထင်မှတ်ထားတဲ့ ရလဒ်တွေကို မီးမောင်းထိုးပြသလို ဖြစ်ခဲ့ရပါတယ်။ ဒီလို ပေါင်းစပ်ပူးသတ်နည်းနဲ့ ဗိုင်းရပ်စ်ကို ဆဲလ်တွေအတွင်း မဝင်ရောက်အောင် တားဆီးဖို့ အလားအလာကောင်းပါတယ်။

တကယ်က Anika ဟာ ရာသီတုပ်ကွေးဖျားနာခြင်းတွေကို အခြေခံလေ့ လာခဲ့တာဖြစ်ပြီး၊ မထင်မှတ်ဘဲ သူမရဲ့နည်းက ကိုဗစ်ကုထုံးအတွက် အဆင်ပြေနိုင်တဲ့ အလားအလားကို လမ်းပြပေးခဲ့တာပါ။ သူမရဲ့ မိဘတွေကလည်း အလွန်ဝမ်းသာနေကြပါတယ်။ 2020 3M Young Scientist Challenge မှာ ဒုတိယဆု ရရှိသူကတော့ Kyle Tianshi ဖြစ်ပါတယ်။

Kyle ကတော့ ရေထဲမှာရှိတဲ့ မမြင်နိုင်တဲ့အမှုန်လေးတွေကို ခြေရာခံနိုင်မယ့်စက်ကို တီထွင်နိုင်ခဲ့တာပါ။ တတိယဆုရရှိသူကတော့ Laasya Acharya ဖြစ်ပါတယ်။ သူမတော့ ပုံရိပ်တွေကိုခွဲခြမ်းစိတ်ဖြာပြီး၊ အာရုံကြောကွန်ရက်စနစ်ကို အသုံးပြုကာ ကောက်ပဲသီးနှံတွေရဲ့ရောဂါတွေကို ရှာဖွေနိုင်ဖို့် နည်းလမ်းအသစ်တွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Unicode

Leave a Reply

Your email address will not be published. Required fields are marked *