သွားတိုက်တဲ့အခါမှားယွင်းစွာ ပြုလုပ်လေ့ရှိတဲ့ အမူအကျင့်များ

သွားတိုက်တယ်ဆိုတာ လူတိုင်းနီးပါး နေ့စဉ်ပြုမူနေရတဲ့ အပြုအမူတွေထဲက တစ်ခုပါပဲ။ လူတစ်ယောက်အတွက် အစာကောင်းကောင်းစားနိုင်ဖို့ အရမ်းအရေးကြီးသလို အစာကောင်းကောင်းစားနိုင်ဖို့အတွက် သွားကောင်းကောင်းရှိဖို့လည်း လိုအပ်ပါတယ်။ ဒါ့ကြောင့် လူတိုင်းကိုယ့်ရဲ့သွားနဲ့ ပတ်သတ်တဲ့ အရာအတိုင်းကို သေသေချာချာ ဂရုစိုက်သင့်ပြီး သွားကျန်းမာရေးနဲ့ ပတ်သတ်တဲ့ ကိစ္စရပ်တိုင်းကို သေသေချာချာ သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ လူတော်တော်များများ သွားတိုက်ရာမှာ မှားယွင်းစွာ ပြုမူနေတတ်တဲ့ အပြု ၅ ခုအကြောင်းကို ပြောပြပေးလိုက်ပါတယ်

၁။ သွားတိုက်တံတွေကို အိမ်သာထဲမှာ ထည့်ထားတတ်ခြင်း

လူတော်တော်များများဟာ သူတို့ရဲ့သွားတိုက်တံတွေကို အိမ်သာအနားတစ်ဝိုက်မှာ ထားထားတတ်ပါတယ်။ ဘာကြောင့်လို့လဲဆိုတော့ ဒီနေ့ခေတ် လူတော်တော်များများရဲ့ အိမ်တွေမှာရှိတဲ့ ရေချိုးခန်းတေါဟာ အိမ်သာနဲ့ တွဲရက်မို့လို့ပါပဲ။ ဒီလိုမျိုးအိမ်သာနားမှာ ထားထားမယ်ဆိုရင် ကိုယ်အ ပေါ့သွားပြီးရင်ပဲဖြစ်ဖြစ်၊ အလေးသွားပြီးရင်ပဲဖြစ်ဖြစ် ရေဆွဲချလိုက်တဲ့အခါမှာ အဆိုပါအညစ်အကြေးထဲမှာရှိတဲ့ ဘတ်တီးရီးယားတွေဟာ လေထဲမှာ ပျံ့နှံ့သွားတတ်ပါတယ်။ အဲဒီလိုအချိန်ကျရင် ကိုယ့်ရဲ့သွားတိုက်တံကို အဆိုပါ မျက်စိနဲ့ဘတ်တီးရီးယားတွေဟာ သွားကပ်နေတတ်ပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးကတော့ အိမ်သာအပြင်ဖက်မှာ ထားတာပါပဲ။ တစ်ကယ်လို့ အိမ်သာထဲမှာပဲ ထားချင်ရင်တောင် နံရံကပ်ဘီရိုအ သေးလေးတစ်ခုဆောက်ပြီး သွားတိုက်တံတို့၊ ဆပ်ပြာတို့၊ မျက်နှာသစ်ဆေးတို့ကို သေသေချာချာ စနစ်တကျသိမ်းဆည်းထားဒသင့်ပါတယ်။

၂။ အစာမစား မီသွားတိုက်ခြင်း

လူတော်တော်များများဟာ မနက်စာမစားခင်အချိန်မှာ သွားတိုက်လေ့ ရှိပါတယ်။ အမှန်တော့ အဲဒီနည်းစနစ်ဟာ မကောင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ မနက်စာစားပြီးတဲ့ အချိန်ကျရင် ပါးစပ်ထဲမှာ ကျန်ရှိနေတဲ့စား ကြွင်းစားကျန်တွေကနေ ဘတ်တီးရီးယားတွေ ပေါက်ဖွားလာနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးကတော့ မနက်စာစားပြီးမှ သွားတိုက်တာဟာ အကောင်းဆုံးဖြစ်သလို သွားမှာ ဘတ်တီးရီးယားတွေ မပေါက်ဖွားအောင် အကောင်းဆုံးလုပ်ပေးနိုင်တဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။

၃။ တစ်နေ့ကို သွားတစ်ကြိမ်ပဲ တိုက်ခြင်း

လူတိုင်းဟာ တစ်ရက်ကို သွားတစ်ကြိမ်ပဲတိုက်ရင် လုံလောကပြီလို့ ထင်နေကြပါတယ်။ အဲဒါဟာ မှားပါတယ်။ မနက်ပိုင်းမှာ သွားတစ်ကြိမ်ပဲ တိုက်ပြီးရင်နေ့လည်စာတို့၊ ညစာတို့ စားတတ်ကြပါတယ်။ အဲဒီလိုစားပြီး ညအိပ်ရာဝင်ါနီးမှာ နောက်တစ်ကြိမ် သွားထပ်တိုက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ညအိပ်ရာဝင်ခါနီးသွားမတိုက်ရင် ကိုယ်တစ်နေကုန်စားထားတဲ့ အစားအစာအကြွင်းအကျန်တွေက ပါးစပ်ထဲမှာရှိနေတတ်ပြီး အဆိုပါအကြွင်းအကျန်တွေကနေ ကိုယ်အိပ်နေတဲ့အချိန် သွားမှာ ဘတ်တီးရီးယားတွေ ပေါက်ဖွားလာစေတတ်ပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးကတော့ မနက်စာစားပြီးတစ်ကြိမ်နဲ့ အိပ်ရာဝင်ခါနီးတစ်ကြိမ် သွားတိုက် တာဟာ အကောင်းဆုံးပါပဲ။

၄။ သွားမြန်မြန်တိုက်ခြင်း

လူတစ်ယောက်ဟာ သွားတိုက်ရင်း အနည်ဆုံး ၁ မိစ်တောင်မကြာသေးတဲ့အချိန်မှာ ပြီးဆုံးသွားတတ်ပါတယ်။ သွားပွတ်တံကို ဟိုလှည့်ဒီလှည့်၊ ဟိုနားလေးတိုက် ဒီနားလေးတိုက်နဲ့ ခဏလေးပဲကြာအောင် သွားတိုက်တတ်ကြပါတယ်။ လူတစ်ယောက်ဟာ အနည်းဆုံး သွားတစ်ခါတိုက်ရင် ၂ မိနစ်လောက် သေသေချာချာ တိုက်မှသာ ခံတွင်းသန့်ရှင်းပြီး သွားထဲမှရှိတဲ့ ဘတ်တီးရီးယး ပိုးမွှားတွေကို သေစေနိုင်တာပဲ ဖြစ်ပါတယ်။

၅။ သွားတိုက်တံတစ်ချောင်းကို နှစ်ယောက်အတူတူ တိုက်ခြင်း

တစ်ချို့လူတွေ အထုးသဖြင့် ချစ်သူတွေ၊ လင်မယားတွေဟာ သွားတိုက်တံတစ်ချောင်းကို နှစ်ယောက်အတူတူတိုက်ပြီး ရိုမန်တစ်ဆန်တာမျိုးတွေ ရှိတတ်ပါတယ်။ အဲဒီလို လုံးဝ မလုပ်သင့်ပါဘူး။ လူတစ်ယောက်မှာရှိတဲ့ မမြင်ရတဲ့ ရောဂါပိုးတွေ၊ မမြင်ရတဲ့ ဘတ်တီးရီးယားပိုးတွေဟာ အဲဒီလို သွားတိုက်တံ တစ်ချောင်းကနေပြီးတော့ အလွယ်တကူ ကူးစက်သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးကတော့ သွားတိုက်တံကို တစ်ယောက်တစ်ချောင်းသုံးတာ အကောင်းဆုံးပါပဲ။

Unicode

Leave a Reply

Your email address will not be published. Required fields are marked *