လေ့ကျင့်ခန်းလုပ်စရာမလိုပဲ ခါးနာသက်သာလာစေမယ့် အလွယ်ကူဆုံး အကြောလျော့နည်းများ

အထိုင်များပြီး အလုပ်လုပ်ရတဲ့ ကြာမြင့်ချိန်များခြင်း ၊ ပုံမမှန်တဲ့ ကိုယ်နေဟန်ထားတွေကြောင့် ခါးနာဝေဒနာ ခံစားရသူတွေ တစ်နေ့တစ်ခြားများလာနေပါတယ်။ ခါးနာဝေဒနာ ခံစားနေရသူများနဲ့ အထိုင်များတဲ့သူတွေအဖို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ အကြောလျော့ခြင်းတွေပြုလုပ်ပေးသင့်ပါတယ်။ အချိန်လည်းမကုန် ၊ လေ့ကျင့်ခန်းလည်းလုပ်စရာမလိုပဲ ခါးနာတာကို သက်သာပျောက်ကင်းစေမယ့် အလွယ်ကူဆုံး အကြောလျာ့နည်းလေးတွေကတော့

အကြောလျော့နည်း- (၁)

ဒီနည်းလေးကတော့ ခါးနာသက်သာစေမယ့် အလွယ်ကူဆုံးအကြောလျော့နည်းလေးပါ။ ပုံမှန်ပြုလုပ်ပေးရင် ခါးနာသက်သာလာစေမယ့်အပြင် သင့်ရဲ့ကိုယ်နေဟန်ထားကို မှန်လာစေပြီး ၀မ်းဗိုက်ကြွက်သားတွေကိုသန်မာလာစေပါတယ်။

ပြုလုပ်ပုံ(၁)ကတော့ – အခင်းလေးတစ်ခုခင်းပြီး မှောက်လျက် လှဲချလိုက်ပါ။ ပြီးရင်တော့ သင့်ရဲ့ လက်ကိုထောက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို မတ်မတ်ထားလိုက်ပါ။ တစ်ခါလုပ်ရင် ၂ မိနစ်ခန့်နဲ့ တစ်နေ့ ၄ ကြိမ်လောက်ပြုလုပ်ပေးရပါမယ် ။

အကြောလျော့နည်း – (၂)

ကြောရိုးကိုဖြေလျော့ပေးပြီး ခါးနာသက်သာလာစေမယ့်နည်းလေးပါ။

ပြုလုပ်ပုံ(၂)ကတော့ –  ပက်လက်အနေအထားလှဲချပြီး ဒူးကို ရင်ဘတ်နဲ့ထိအောင် ကွေးရမှာပါ။ ဒူးတစ်ဖက်ကို လက်နဲ့ဆွဲပြီးကွေးထားချိန်မှာ တစ်ခြားတစ်ဖက်ကိုတော့ ကြမ်းပြင်နဲ့ထိပြီးတည့်တည့်မတ်မတ်ထားပေးရပါမယ်။ စက္ကန့်အနည်းငယ်ထားပေးပြီး ဒူးတစ်ဖက်ကို ၃ကြိမ်စီ ပြုလုပ်ပေးပါ။

အကြောလျော့နည်း- (၃)

ဒီနည်းကတော့ ကမ္ဘာမြေကြီးရဲ့ဆွဲငင်အားကို အသုံးပြုပြီး ခါးနာတာသက်သာစေမယ့်နည်းလေးပါ။

ပြုလုပ်ပုံ(၃)ကတော့ –  ခြေထောက်တွေကို ခွဲကာ ဆန့်ထားပြီး ကြမ်းပြင်မှာ သက်သောင့်သက်သာ ထိုင်ပါ။ ပြီးရင်တော့ သင့်ရဲ့ ခေါင်းနဲ့ ပေါင်နဲ့ထိတဲ့အထိ ကိုယ်ကိုရှေ့သို့ ကွေးညွတ်လိုက်ပါ ။ အသက် ရှူသွင်းရှူထုတ်လေ့ကျင့်ခန်းနဲ့အတူပြုလုပ်ပေးရပါမယ်။ ပုံမှန်ပြုလုပ်ပေးရင် အကြောပြေလျော့ပြီးခါးနာတာသက်သာလာမှာပါ။

အကြောလျော့နည်း- (၄)

နည်းလမ်းနံပါတ် (၄)ကတော့ သင့်ရဲ့ ကြောရိုးကိုသန်မာလာစေပြီး ခါးနာသက်သာလာစေမယ့်နည်းပါ။

ပြုလုပ်ပုံ(၄)ကတော့ –  ဒူးထောက်ထိုင်ချပြီး သင့်ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ရှေ့သို့ဖြည်းဖြည်းချင်းကွေးညွတ်ပါ။ နဖူးနဲ့ကြမ်းပြင်ထိပြီး လက်တွေကို ကြမ်းပြင်မှာကျသည်အထိ ကွေးညွတ်ထားရပါမယ် ။ ဒီပုံအတိုင်းမိနစ်အနည်းငယ်နဲ့ တစ်နေ့ ၂ကြိမ်ခန့်ပြုလုပ်ပေးပါ။

Unicode

Leave a Reply

Your email address will not be published. Required fields are marked *