ရိုက်မိထားတဲ့ခြင်တွေကို စာရွက်ပေါ်ကပ်ကာ နံပါတ်စဉ်တပ်ပြီး စုဆောင်းထားခဲ့တဲ့မိန်းကလေး

ကျွန်တော်တို့လူသားတွေဟာ ခြင်ကိုက်ခံရပြီးနောက် ယားယံလာတဲ့ဒဏ်ကို မခံစားနိုင်ကြပါဘူး။အပူပိုင်းဒေသတွေမှာနေရင်တော့ ခြင်ရဲ့ရန်ကို ကာကွယ်ကြရပြီး သူတို့တွေကို မမုန်းဘဲ နေနိုင်ကြမှာလည်း မဟုတ်ပါဘူး။သင် ယားစိစိနဲ့ ခံစားရတာကို သတိထားမိချိန်မှာ သူတို့ကတော့ အဖုလေးတွေ ကျန်အောင် သွေးစုပ်ပြီးလို့ တဝီဝီနဲ့ ပျံကာ ထွက်သွားနေပြီဖြစ်ပါတယ်။အရိပ်အကဲခက်တာတော်ပြီး မရိုက်မိအောင် ထွက်ပြေးတာလည်း အသေမြန်ကြပါတယ်။မကြာသေးမီက လူငယ်အနုပညာရှင်တစ်ဦးဟာ သူမရဲ့ ခြင်အလောင်းစုဆောင်းနည်းကို အင်တာနက်ပေါ် ပြသရန် မျှဝေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ဖက်ရှင်အနုပညာတက္ ကသိုလ်(NIFT)မှ အသက် ၁၉နှစ်အရွယ် အနုပညာနှင့်ဖက်ရှင်ကျောင်းသူတစ်ဦးဖြစ်တဲ့ Shreya အမည်ရှိTwitter အသုံးပြုသူ @Zynapsed ဟာ (How it started,How it’s going)ဆိုတဲ့ Caption နဲ့ ခြင်တွေကို နံပါတ်စဉ်တပ်ထားတဲ့ပုံကို မျှဝေခဲ့ကာ လူသိများသွားပြီး ၁၁၅,၆၀၀ likes နဲ့ ၂၆,၀၀၀ retweets တို့ကို ရရှိခဲ့ပါတယ်။

အဆိုပါပုံကို Facebookမှာ သရော်ပြီးပြန်တင်ထားကြတာကို တွေ့ဖူးကြမှာပါ။ပုံထဲမှာတော့ သူမဟာ ခြင်၈၇ကောင်ကို ရိုက်မိထားပြီး ၈၈မြောက်အ ကောင်ကိုလည်း စာရွက်ပေါ်ကပ်ကာ နံပါတ်စဉ်တပ်ရန်ကျန်နေတာကိုတွေ့ရမှာပါ။ကောင်းပါပြီ သူမ ခြင်အကြောင်းကိုဘဲ စိတ်ဝင်စားတာလား၊က လဲ့စားချေဖို့ဘဲလုပ်တာလားကိုတော့ သေချာမသိရပါဘူး။Netizen တွေကတော့ သဘောတွေကျနေခဲ့ကြပြီး တချို့က သူမအား အဆင်ပြေရဲ့လား၊ကုထုံးတွေခံယူရန် လိုအပ်နေလား စတဲ့ မေးခွန်းတွေကိုလည်း မေးခဲ့ကြပါသေးတယ်။သူမရဲ့ ခြင်စုဆောင်းနည်းကို စာဖတ်သူတို့ ဘယ်လိုထင်ပါသလဲ။သင်ကိုယ်တိုင်ရော အဲလိုနည်းနဲ့ဘဲ ပြန်ကလဲစားချေတတ်ပါသလား။

Unicode

Leave a Reply

Your email address will not be published. Required fields are marked *