ပိုင်ရှင်ဖြစ်သူ ကလေးငယ်ကိုဆူဆဲနေတဲ့မိခင်ထံမှ ကာကွယ်ပေးနေခဲ့တဲ့ သစ္စာရှိလွန်းတဲ့ ခွေးလေး 

တရုတ်နိုင်ငံရှိ Harry အမည်ရှိတဲ့ Golden retriever ခွေးလေးဟာ ပိုင်ရှင်ဖြစ်သူကလေးမလေးအား သူမကိုဆူဆဲနေတဲ့မိခင်ထံမှ ကာကွယ်ပေးနေတဲ့ဗီဒီယိုဟာ social media ပေါ်မှာပျံ့နှံ့နေခဲ့ပါတယ်။တရုတ်နိုင်ငံရှိ Xuzhou မြို့မှာနေထိုင်တဲ့တရုတ်အမျိုးသမီး Ms Sun ကို Mail Online မှတွေ့ဆုံမေးမြန်းခဲ့ရာ သူမဟာ ဒေါသထွက်နေသလို ရယ်စရာလည်း ကောင်းနေတဲ့အတွက်ကြောင့် အဆိုပါဗီဒီယိုကိုမှတ်တမ်းတင်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။

Ms Sunဟာ မီးဖိုချောင်တွင်နေ့လည်စာချက်ပြုတ်နေချိန် သမီးဖြစ်သူက သူမဝယ်ထားတဲ့မျက်နှာလိမ်းခရိမ်းအသစ်ကို ဖောက်ကာ ကစားနေခဲ့ပါတယ်။ထိုအဖြစ်အပျက်ကို သူမမြင်လိုက်တော့ ဒေါသထွက်ကာ သမီးဖြစ်သူကိုဆူဆဲနေခဲ့ပေမဲ့ Harry လို့ခေါ်တဲ့ Golden retriever ခွေးလေးဟာ သူမသမီးကိုကာကွယ်ပေးနေတာကိုတွေ့လိုက်ရတော့ သူမဒေါသတွေဟာအရည်ပျော်သွားခဲ့ရပါတယ်။

Ms Sunဟာသူမသမီးကိုဆက်ဆူဆဲနေတာကြောင့် ခွေးလေးဟာ သမီးရှေ့ရပ်ကာ သူမအား အစွယ်ထုတ်မာန်ဖီပြနေတဲ့ပုံကို တွေ့ကြရမှာပါ။ဆူဆဲတာရပ်သွားတော့ Harryဟာ သူ့ပိုင်ရှင်လေးရဲ့အနားမှာနေကာ အကာ အကွယ်ပေးနေခဲ့ပါတယ်။ဒီအဖြစ်အပျက်လေးဟာ လူတွေအတွက်အားရကြည်နူးဖွယ်ကောင်းနေခဲ့ပါတယ်။အကယ်လို့ သင်ဟာသူတို့ကိုကောင် းကောင်းမွန်မွန်ဆက်ဆံပေးနေရင်တော့ ခွေးလေးတွေကလည်း သူတို့ရဲ့ချစ်ခြင်းမေတ္တာကိုပြန်လည်ပြသနိုင်ဖို့ အခုလိုနည်းလမ်းနှင့်အတူ တခြားနည်းလမ်းပေါင်းများစွာကို ရှာဖွေနေပါလိမ့်မယ်။

Unicode

Leave a Reply

Your email address will not be published. Required fields are marked *