ပျိုမေတို့ ညအိပ်ရာဝင်ခါနီးတိုင်း လုပ်ပေးသင့်တဲ့အသားအရေ ထိန်းသိမ်းနည်း(၅)မျိုး

ပျိုမေတို့ အသားအရေ ထိန်းသိမ်း စောင့်ရှောက်မှု လုပ်ဖို့ အတွက်အ ကောင်းဆုံး အချိန်က ညဘက် အိပ်ချိန်ပါ ။ ညဘက် အိပ်ချိန်မှာ အသား အရေဆဲလ်အသစ် ထုတ်လုပ်မှု ပိုကောင်းမွန် တာကြောင့် အိပ်ခါနီး Skin care လုပ်တာက အကျိုးသက်ရောက်မှု အရှိဆုံးပါပဲ ။

မနက်ခင်းမှာ အသားအရေ ပြုပြင်ပြီးသား ဖြစ်ဖို့ ညအိပ်ခါနီး လုပ်ရမယ့် အသားအရေထိန်းသိမ်းနည်းလေး တွေကို ဖော်ပြ လိုက်ပါပြီ ။ ဒီညက စပြီး လုပ်ကြည့် လိုက်တော့နော် ။

( ၁ ) ဝက်ခြံ ပျောက်ဖို့၊ အရေးအကြောင်းတွေ မဖြစ်အောင် တားဆီးဖို့

ဝက်ခြံ မကြာခဏ ထွက်တတ်တဲ့ သူတွေ နဲ့ အရေးအကြောင်း မဖြစ်အောင် တားချင် တဲ့သူတွေက ညအိပ်ရာ ဝင်တဲ့အခါ ရှားစောင်းလက်ပပ် အနှစ်ကို လိမ်းပေးပြီး အိပ်ရာ ဝင်လိုက် ပါ။ ညတိုင်း အဲ့လို လုပ်ပေးမယ်ဆိုရင် ဝက် ခြံထွက်တာ တဖြည်းဖြည်း သက်သာလာပြီး အရေးအကြောင်းတွေ မဖြစ်အောင် လည်း တားဆီး ပေးထား နိုင်ပါတယ် ။

( ၂ ) မျက်အိတ် ဖောင်းတာ ၊ မျက်လုံး တဝိုက် အရေးအကြောင်း ဖြစ်တာကို ကာကွယ်ဖို့

မျက်အိတ် ဖောင်းတာတွေ သက်သာဖို့ နဲ့ မျက်လုံး တဝိုက်အ​ေရးအကြောငး ဖြစ်တာကို ကာကွယ်ဖို့ ဆိုရင်တော့ ည အိပ်ခါနီး ဗီတာမင် အီးအဆီကို မျက်လုံး တဝိုက် လိမ်းပေးပြီး အိပ်ရာဝင်လိုက်ရုံပါပဲ ။

( ၃ ) မျက်ခုံးမွေး ၊ မျက်တောင်မွေး ရှည်လျား ထူထဲဖို့

မျက်ခုံးမွေး ပါးလို့ မျက်ခုံးမွေး ထူချင်တယ် ၊ မျက်တောင်မွေး လေးတွေ ရှည်လျား ထူထဲချင်တယ် ဆိုရင် အိပ်ရာ ဝင်ခါနီးမှာ ကြက်ဆူဆီကို မျက် ခုံးမွေး ၊ မျက်တောင်မွေးလေး တွေမှာ ခပ်ပါးပါးလေး လိမ်းပေးပါ ။

( ၄ ) နှုတ်ခမ်းသားလေး နူးညံ့ စိုပြည်ဖို့

ခြောက်သွေ့ အက်ကွဲ နေတဲ့ နှုတ်ခမ်းသားလေး တွေကို ညတွင်း ချင်း စို ပြည်နူးညံ့ သွားချင်တယ် ဆိုရင် အိပ်ခါနီးမှာအုန်းဆီကို သွားပွတ်တံ အသန့်လေးနဲ့ တို့ပြီး နှုတ်ခမ်း ပေါ်မှာ ဖွဖွလေးပွတ်တိုက်လိမ်းပေး လိုက်ပါ ။

( ၅ ) ဆံကေသာတွေ ချောမွေ့ဖို့

ဆံသားတွေ ကြမ်းတမ်းပြီး ဖွာနေရင် ဘယ်လိုမှ မလှတော့ ပါဘူးနော် ။ အဲ့ဒီတော့ ဆံပင်လေးတွေ စိုပြည် ချောမွေ့ သွားအောင် ညအိပ်ခါနီးမှာ ရှာလကာရည် နဲ့ ရေ အနည်းငယ်ကို ရောပြီး ဆံပင် ကို ဖျန်းပြီး အိပ်လိုက် မယ်ဆိုရင် နောက်တစ်နေ့ မှာ ကြမ်းပြီး ဖွာနေ တဲ့ ဆံပင် တွေက ချောမွေ့ပြီး စင်းနေ ပါလိမ့် မယ် ။

Unicode

Leave a Reply

Your email address will not be published. Required fields are marked *