သခင်ရဲ့ပေါင်ကိုစွဲလမ်းလွန်းတဲ့ကြောင်လေးအတွက် စိတ်ကူးကောင်းရခဲ့တဲ့စုံတွဲ

ကြောင်တွေဟာ သခင်တွေရဲ့ပေါင်ပေါ်မှာထိုင်ရတာကို နှစ်သက်ပါတယ်။ ဒါပေမဲ့ ထူးထူးခြားခြားပဲ အခုတွေ့ရမယ့်ကြောင်လေးကတော့ သခင်တွေရဲ့ပေါင်ကို အတော်စွဲလမ်းနေတာပါ။ ကြောင်လေး ဇစ်ဂီကို လန်ဒန်မှာနေထိုင်နေတဲ့ ရေဗက်ကာမေနဲ့ သူမရဲ့အမျိုးသား အဲလက်စ်တို့က မွေးစားထားတာပါ။ အစပိုင်းတော့ သခင်တွေနဲ့ လက်ပွန်းတတီးနေရတာ နည်းနည်းရှက်ပေမယ့် နောက်ပိုင်းတော့ ဇစ်ဂီက သခင်တွေနားကပ်ပြီး ပေါင်တွေပေါ်မှာလိုက်ထိုင်တာ အကျင့်ဖြစ်လာပါတယ်။

ဇစ်ဂီလေးက ချစ်စရာတော့ကောင်းပါတယ်။ ဒါပေမဲ့ သူ့သခင်တွေက အိမ်မှာနေပြီး အလုပ်လုပ်ကြသူတွေဖြစ်လာတဲ့အခါ တစ်ချိန်လုံး ပေါင်ပေါ်ချည်းတက်နေချင်တဲ့ ဇစ်ဂီကြောင့် စိတ်အနှောင့်အယှက်ဖြစ်လာရပါတယ်။ ကြောင်မလေးက အမြဲလိုလို သခင်တွေက အာရုံစိုက်တာကို လိုချင်နေတာပါ။ ရေဗက်ကာနဲ့ အဲလက်စ်တို့အလုပ်လုပ်နေတဲ့ စားပွဲခုံပေါ်၊ လတ်ပ်တော့ပ်တွေနေရာမှာ လိုက်အိပ်ပါတယ်။

ဒါကြောင့် ဇစ်ဂီကို ရေဗက်ကာတို့က ကြောင်အိပ်ရာလေးတစ်ခုဝယ်ပေးပြီး သူတို့အလုပ်လုပ်နေတဲ့နားမှာ ထားပေးပါသေးတယ်။ ဒါလည်း ဇစ်ဂီက သူ့နေရာမှာသူ မနေပါဘူး။ သခင်တွေနားပဲ လိုက်ကပ်ပြီး ပေါင်ပေါ်တက်ထိုင်ဖို့ပဲ ကြိုးစားနေခဲ့ပါတယ်။

ဒီနောက်မှာတော့ အဲလက်စ်က စိတ်ကူးတစ်ခုရပါတယ်။ အဲ့ဒါက ဇစ်ဂီအတွက် ပေါင်အတုတစ်ခုလုပ်ပေးဖို့ပါ။ အဲလက်စ်ဟာ ဘောင်းဘီတစ်ထည်ကိုယူပြီး လူခြေထောက်နဲ့တူအောင် အထဲကို ခေါင်းအုံးနဲ့ ပိတ်စတွေသွတ်ပါတယ်။ ပြီးတော့ ဖိနပ်တစ်ရံကိုပါ အနားမှာထားလိုက်ပါတယ်။

အားလုံးပြီးတဲ့အခါကျမှ ပေါင်တုရဲ့ အထဲကို အပူပေးတဲ့အချပ် heating pad ကိုထည့်ထားလိုက်ပါတယ်။ မကြာခင်မှာတော့ ဇစ်ဂီက အဲလက်စ်လုပ်ပေးထားတဲ့ ပေါင်အတုတွေကို အရမ်းကိုနှစ်သက်သွားပါတော့တယ်။ အခုဆိုသူက အဲ့ဒီပေါင်တုတွေပေါ်မှာပဲ လိမ်လိမ်မာမာထိုင်နေပြီး သခင်တွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်တော့ဘူးလို့လည်း unilad အရ သိရပါတယ်။

Unicode

Leave a Reply

Your email address will not be published. Required fields are marked *