သင့်စိတ်ဓာတ်ကိုလှုံ့ဆော်ပေးမဲ့ မှတ်သားဖွယ်ရာစကားများ

သင့်စိတ်ဓာတ်ကို လှုံ့ဆော်ပေးမဲ့ မှတ်သားဖွယ်ရာ စကားများ

၁။ မိမိကိုယ်ကို တွန်းအားပေးပါ။ ဘာလို့လဲဆိုတော့ ကိုယ်အတွက် ဘယ်သူမှ လာလုပ်ပေးမှာမဟုတ်လို့ပဲ။

၂။ နောက်မှ လုပ်မယ်ဆိုပြီးချန်မထားပါနဲ့။ နောက်မှဆိုတာ ဘယ်တော့မှ မဖြစ်လာနိုင်တာလဲ ရှိတတ်ပါတယ်။ လုပ်စရာရှိတာကို တစ်ခါတည်းပြီးအောင်လုပ်ပါ။

၃။ အောင်မြင်မှုတွေကို comfort zone တွေဆီကနေ မရနိုင်ပါဘူး။

၄။ အောင်မြင်မှုက သင့်ကို မရှာဖွေပါဘူး။ သင်ကသာ အောင်မြင်မှုကို ရှာဖွေရမှာပါ။

၅။ အလုပ်ပင်ပန်းတဲ့အချိန်မှာ မရပ်လိုက်ပါနဲ့။ အလုပ်ပြီးသွားတဲ့ အချိန်မှသာ ရပ်လိုက်ပါ။

၆။ တစ်ခါတစ်လေ အခက်အခဲတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်။ အခက်အခဲဆိုတာ သင့်ကို ကြံ့ခိုင်လာအောင်လုပ်ပေးတဲ့အရာတွေပါ။

၇။ အခွင့်အရေးကို မစောင့်ပါနဲ့။ အခွင့်အရေးဆိုတာ ရှာဖွေယူရတဲ့ အရာပါ။

၈။ အောင်မြင်မှုရဲ့သော့ချက်ဟာ ရည်ရွယ်ချက်အပေါ် အာရုံစိုက်ဖို့ပါပဲ။ အခက်အခဲတွေ ပြဿနာတွေအပေါ် အာရုံစိုက်ဖို့ မဟုတ်ပါဘူး။

၉။ မနေ့ကအရာတွေကနေသင်ယူပါ။ ဒီနေ့အတွက် ရှင်သန်ပါ။ မနတ်ဖန်အတွက် မျှော်လင့်ပါ။ အရေးကြီးဆုံးကတော့ မေးခွန်းတွေမေးတာကို မရပ်လိုက်ပါနဲ့။

၁၀။ အောင်မြင်တဲ့သူဖြစ်ဖို့ထက် တန်ဖိုးရှိတဲ့သူဖြစ်အောင် ကြိုးစားပါ။

၁၁။ ကျရှုံးမှုဆိုတာ အောင်မြင်မှုရဖို့အတွက် ခြေတစ်လှမ်းလှမ်းလိုက်တာပါပဲ။

၁၂။ ငရဲ ကိုဖြတ်ရမယ်ဆိုရင်တောင် ဆက်ပြီးလျှောက်နေပါ။ မရပ်လိုက်ပါနဲ့။

၁၃။ မိမိရောက်နေတဲ့နေရာကနေ စပြီးကြိုးစားပါ။ မိမိမှာရှိတာတွေကို အသုံးချပါ။ မိမိလုပ်နိုင်တာကို အကောင်းဆုံးလုပ်ပါ။

၁၄။ မိမိကြောက်ရွံတဲ့ အရာတစ်ခုကို နေ့တိုင်းတစ်နေ့တစ်ခု လုပ်ကြည့်ပါ။ နောက်ဆိုရင် ကြောက်စိတ်တွေကို အနိုင်ယူသွားနိုင်ပါလိမ့်မယ်။

၁၅။ အကောင်းဆုံးဆိုတဲ့အရာတွေအတွက် ကောင်းတာတွေကို လက်လျှော့လိုက်ဖို့ မကြောက်ပါနဲ့။

၁၆။ ဘဝမှာ အောင်မြင်ဖို့အတွက် ရိုးသားမှုနဲ့ယုံကြည်မှု ရှိဖို့လိုအပ်ပါတယ်။

Unicode

Leave a Reply

Your email address will not be published. Required fields are marked *