လိင်တူချစ်သူအားထိုင်းဘတ်ငွေ ၁၀သန်းဖြင့်တင်တောင်းကာ လက်ထပ်ခဲ့တဲ့အမျိုးသား

အချစ်ဆိုတာ နေရာ၊လူမျိုး၊ဘာသာ၊လူကြီးလူငယ် မရွေး အချိန်အခါမရှိဘဲ ဖြစ်ပေါ်လာတတ်တဲ့ သိပ်ကို ထူးခြားဆန်းကြယ်တဲ့အရာတစ်ခုပါ။အခုပြောပြမှာကတော့ နိုင်ငံခြားသားတစ်ဦးနဲ့ ထိုင်းအမျိုးသားတို့ရဲ့ ထိပ်းမြားလက်ထပ်တဲ့မင်္ဂလာပွဲအကြောင်းဘဲ ဖြစ်ပါတယ်။

နိုင်ငံခြားသားတစ်ဦးနှင့် ထိုင်းအမျိုးသားတို့ဟာ သောကြာနေ့က လိင်တူလက်ထပ်ထိပ်းမြားခြင်းကို ကျင်းပပြုလုပ်ခဲ့ကြပြီးမင်္ဂလာလက်ဖွဲ့ပစ္စည်းဖြစ်တဲ့ ဘတ် ၁၀သန်းမှာ ငွေ၊မြေ၊ကွန်ဒိုတိုက်ခန်းနှင့် စိန်လက်စွပ်တို့ပါဝင်ကြောင်းTnews သတင်းအရ ကြားသိရပါတယ်။အဆိုပါ ပျော်ရွှင်ကြည်နူးနေကြတဲ့ စုံတွဲရဲ့ အမည်တွေနဲ့ နေရပ်လိပ်စာတွေကိုတော့ မဖော်ပြထားခဲ့ပါဘူး။

ထိုင်းဘတ် ၁၀သန်းဟာ အမေရိကန်ဒေါ်လာ ၁သန်းရဲ့ သုံးပုံတစ်ပုံလောက်ရှိပါတယ်။ဒါကြောင့် ထိုင်းတွေအတွက် အဆိုပါနေ့လေးဟာကံကောင်းတဲ့နေ့တစ်နေ့လေးဖြစ်နေခဲ့ပြီး အဲဒါတွေအားလုံးဟာ အချစ်တစ်ခုတည်းကြောင့်ဘဲ ဖြစ်ကြောင်း Tnewsက ထပ်မံပြောဆိုထားပါတယ်။

သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကို အပြစ်မြင်ရှုံချကာ ပြောဆိုကြတဲ့သူတွေ ရှိသလို သဘောကျချီးကျူးပေးကြတဲ့သူလည်း ရှိနေပါတယ်။အဆိုပါ သူတို့နှစ်ဦးရဲ့ပျော်ရွှင်ကြည်နူးစိတ်လှုပ်ရှားစွာ လက်ထပ်ခဲ့ကြတဲ့ ပုံလေးတွေကို စာဖတ်သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။

Unicode

Leave a Reply

Your email address will not be published. Required fields are marked *