ဆေးရုံရှိအရေးပေါ်လူနာဆောင်သို့ ကြောင်ပေါက်စလေးကို ကိုက်ချီပြီးရောက်ရှိလာခဲ့တဲ့ကြောင်မလေ

Merve Ozcan အမည်ရှိတဲ့ မိန်းကလေးဟာ သူမရဲ့ဖခင်ကို Turkey နိုင်ငံ ၊ Istanbul မြို့ရှိ ဆေးရုံသို့ ခေါ်ဆောင်သွားရင် ဆေးရုံရဲ့ လူနာစောင့်နေရာမှာ လမ်းဘေးကြောင်မကြီးတစ်ကောင်က ကြောင်ပေါက်စလေးကိုက်ချီလာပြီး တည်တည်ငြိမ်ငြိမ်လမ်းလျှောက်လာတာကို တွေ့ရှိခဲ့ပါတယ် ။ ကြောင်မကြီးကလည်း သူသွားချင်တဲ့နေရာကို တိတိကျကျသိရှိနေပုံရလို့ Ozcan က ‘ သူက ကျွန်မထက် ပိုသိနေလို့ ကျွန်မအတော်လေး အံ့သြခဲ့ရပါတယ် ‘ ဆိုပြီး ပြောပြခဲ့ပါတယ် ။ အစပိုင်းမှာတော့ Ozcan ဟာ သူမရဲ့ဖခင် ကျန်းမာရေးအခြေအနေကိုစိုးရိမ်နေခဲ့ပေမဲ့လည်း ကြောင်မကြီး နဲ့ ကြောင်ပေါက်စလေးကို မြင်တော့ ခဏတစ်ဖြုတ်မေ့ပျောက်သွားခဲ့ပါတယ် ။

ဒါ့အပြင် ဆေးရုံဝန်ထမ်းများကလည်း ကြောင်လေးတွေကိုမြင်တော့ အတော်လေးဝမ်းသာပျော်ရွှင်နေပုံရပါတယ် ။ ဆေးရုံဝန်ထမ်းတွေက ကြောင်လေးတွေကို အရင်ကတည်းကတွေ့ဖူးနေလို့ ရင်နှီးနေပုံရပါတယ် ။ ကံကောင်းစွာနဲ့ ကြောင်ပေါက်စလေးဟာ ကျန်းမာရေးကောင်းမွန်းနေလို့ မည်သည့်ကုသမှုမျိုးကိုမှ မခံယူခဲ့ရပါဘူး ။’ ဆရာဝန် နဲ့ ဆေးရုံဝန်ထမ်းတွေက သူ့ကိုချစ်မှန်းသိလို့ လုံခြုံစိတ်ချရတယ်ထင်ပြီး ရောက်လာခဲ့ပုံပဲ’ ဆိုပြီး Ozcan ကပြောပြခဲ့ပါတယ် ။

ကူးစက်ရောဂါအခြေအနေတွေကြောင့် စားသောက်ဆိုင်အတော်များများပိတ်သိမ်းထားလို့ လမ်းဘေးကြောင်လေးတွေ နဲ့ ခွေးလေးတွေဟာ အတော်လေးဒုက္ခရောက်နေခဲ့ကြတာပါ ။ ဆေးရုံဝန်ထမ်းတွေရဲ့ ချစ်ခင်မှု နဲ့ ဂရုစိုက်မှုရအောင် ကြောင်မကြီးက ကြောင်ပေါက်စလေးကိုချီပြီး ဆေးရုံသို့ရောက်ရှိလာပုံရပါတယ် ။

Unicode

Leave a Reply

Your email address will not be published. Required fields are marked *