အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့နောက်ဆုံးအချိန်များကို မှတ်တမ်းတင်ထားသော ပုံရိပ်များ

အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့နောက်ဆုံးအချိန်များကို မှတ်တမ်းတင်ထားသော ပုံရိပ်များ

တိရိစ္ဆာန်တစ်ကောင်ရဲ့ နောက်ဆုံးအချိန်ဆိုတာ သိပ်ကိုဝမ်းနည်းဖွယ်ကောင်းလှပါတယ်။ အထူးသဖြင့် ဟိုးပိစိလေးကတည်းက အမြဲတမ်းလက်ပွန်းတတီးနေကာ မွေးမြူထားရတဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေ သေဆုံးချိန်တွေဆို တစ်အိမ်သားလုံး မျက်ရည်ကျရတဲ့အချိန်ပါပဲ။

ဒီလိုအိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့နောက်ဆုံးအချိန်တွေကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံဆရာတစ်ယောက်ရှိပါတယ်။ Ross Taylor ဟာ ဖလော်ရီဒါ၊ Tampa bay ဒေသတစ်ဝှက်မှာရှိတဲ့ အိမ်တွေကိုလိုက်ပြီး အိမ်မွေးခွေးလေးတွေရဲ့နောက်ဆုံးအချိန်တွေကို ဓာတ်ပုံရိုက်မှတ်တမ်းတင်ခဲ့ပါတယ်။

အိမ်မွေးတိရိစ္ဆာန်လေးတွေကို ချစ်မြတ်နိုးသူတွေဖို့ ဓာတ်ပုံတွေကြည့်လိုက်တာနဲ့ ရင်ထဲမကောင်းဖြစ်စေမှာအမှန်ပါပဲ။

Kira Manrique ဟာ သူမခွေးလေးသေဆုံးသွားတဲ့အတွက် သိပ်ကိုယူကျုံးမရဖြစ်ခဲ့ပါတယ်။ သူမတတ်နိုင်တာထက်ပိုပြီး အသက်မသေအောင်ကယ်ခဲ့ပေမယ့် အချိန်တန်တော့လည်း လောကနိယာမအရ သေဆုံးသွားခဲ့ပါတယ်။

နွေရာသီညနေခင်းတစ်ခုမှာ Asia ဆိုတဲ့ ခွေးမလေး ဆုံးသွားခဲ့ပါတယ်။ ပိုင်ရှင်ဖြစ်တဲ့ Rob Peterson နဲ့ တိရိစ္ဆာန်ဆရာဝန် Dani Vety တို့ဟာ Asia ကို Rob ရဲ့ ခြံတွင်းတစ်နေရာမှာမြှုပ်နှံဖို့ သွားခဲ့ကြပါတယ်။ ညာဖက်မှာ Rob တို့နောက်ထပ်ချပ်မကွာအောင် လိုက်နေသူလေးကတော့ Kai ပါ။ အတူတူနေခဲ့၊ စားခဲ့၊ ဆော့ခဲ့တဲ့ အဖော်ရဲ့နောက်ဆုံးခရီးစဉ်ကိုလိုက်ပို့ပေးနေသလိုပါပဲ။ ခြံတွင်းတစ်နေရာမှာတော့ ကျင်းတူးပြီး Aisa ရဲ့ရုပ်အလောင်းကို နေကြာပန်းလေးတွေထည့်ကာ သေသေချာချာမြှုပ်နှံခဲ့ပါတယ်။

“ကျွန်မယောက်ျား အလုပ်ကိစ္စနဲ့အိမ်မှာမရှိတဲ့အချိန်တွေတုန်းက Coco ကပဲ အဖော်လုပ်ပေးခဲ့တာ” လို့ Rebecca Cassity ငိုရင်းပြောရှာပါတယ်။

Heidi လို့ခေါ်တဲ့ခွေးလေးဟာ သူမရဲ့နောက်ဆုံးအချိန်မှာတောင် ပိုင်ရှင်တွေဖြစ်တဲ့ Bob နဲ့ Cindy တို့ကို စိတ်မချဖြစ်နေတဲ့မျက်လုံးလေးနဲ့ ကြည့်နေခဲ့ပါတယ်။ Heidi နဲ့ အတူတူလက်ပွန်းတတီးနေခဲ့တဲ့ Winnie ဆိုတဲ့ စုတ်ဖွားခွေးလေးဟာ Heidi ရဲ့နောက်ဆုံးထွက်သက်အထိ မှန်ပြူတင်းပေါက်နားမှာပဲ ရှိနေခဲ့ပါတယ်။

Ally ရဲ့နောက်ဆုံးထွက်သက်မှာ ပိုင်ရှင် Gangadyal မိသားစုတစ်ခုလုံး စုံစုံလင်လင်နဲ့အတူရှိပေးခဲ့ကြပါတယ်။

Mimosa ဟာ မိသားစုဝင်တွေအားလုံးရဲ့ချစ်ခြင်းကိုခံပြီးမှ သေဆုံးသွားခဲ့ပါတယ်။

1.

2.

3.

4.

5.

6.

7.

8.

celemmrnews

Zawgyi

အိမ္ေမြးတိရိစာၦန္ေလးေတြရဲ႕ေနာက္ဆုံးအခ်ိန္မ်ားကို မွတ္တမ္းတင္ထားေသာ ပုံရိပ္မ်ား

တိရိစာၦန္တစ္ေကာင္ရဲ႕ ေနာက္ဆုံးအခ်ိန္ဆိုတာ သိပ္ကိုဝမ္းနည္းဖြယ္ေကာင္းလွပါတယ္။ အထူးသျဖင့္ ဟိုးပိစိေလးကတည္းက အၿမဲတမ္းလက္ပြန္းတတီးေနကာ ေမြးျမဴထားရတဲ့ အိမ္ေမြးတိရိစာၦန္ေလးေတြ ေသဆုံးခ်ိန္ေတြဆို တစ္အိမ္သားလုံး မ်က္ရည္က်ရတဲ့အခ်ိန္ပါပဲ။

ဒီလိုအိမ္ေမြးတိရိစာၦန္ေလးေတြရဲ႕ေနာက္ဆုံးအခ်ိန္ေတြကို မွတ္တမ္းတင္ထားတဲ့ ဓာတ္ပုံဆရာတစ္ေယာက္ရွိပါတယ္။ Ross Taylor ဟာ ဖေလာ္ရီဒါ၊ Tampa bay ေဒသတစ္ဝွက္မွာရွိတဲ့ အိမ္ေတြကိုလိုက္ၿပီး အိမ္ေမြးေခြးေလးေတြရဲ႕ေနာက္ဆုံးအခ်ိန္ေတြကို ဓာတ္ပုံ႐ိုက္မွတ္တမ္းတင္ခဲ့ပါတယ္။

အိမ္ေမြးတိရိစာၦန္ေလးေတြကို ခ်စ္ျမတ္ႏိုးသူေတြဖို႔ ဓာတ္ပုံေတြၾကည့္လိုက္တာနဲ႔ ရင္ထဲမေကာင္းျဖစ္ေစမွာအမွန္ပါပဲ။

Kira Manrique ဟာ သူမေခြးေလးေသဆုံးသြားတဲ့အတြက္ သိပ္ကိုယူက်ဳံးမရျဖစ္ခဲ့ပါတယ္။ သူမတတ္ႏိုင္တာထက္ပိုၿပီး အသက္မေသေအာင္ကယ္ခဲ့ေပမယ့္ အခ်ိန္တန္ေတာ့လည္း ေလာကနိယာမအရ ေသဆုံးသြားခဲ့ပါတယ္။

ေႏြရာသီညေနခင္းတစ္ခုမွာ Asia ဆိုတဲ့ ေခြးမေလး ဆုံးသြားခဲ့ပါတယ္။ ပိုင္ရွင္ျဖစ္တဲ့ Rob Peterson နဲ႔ တိရိစာၦန္ဆရာဝန္ Dani Vety တို႔ဟာ Asia ကို Rob ရဲ႕ ၿခံတြင္းတစ္ေနရာမွာျမႇဳပ္ႏွံဖို႔ သြားခဲ့ၾကပါတယ္။ ညာဖက္မွာ Rob တို႔ေနာက္ထပ္ခ်ပ္မကြာေအာင္ လိုက္ေနသူေလးကေတာ့ Kai ပါ။ အတူတူေနခဲ့၊ စားခဲ့၊ ေဆာ့ခဲ့တဲ့ အေဖာ္ရဲ႕ေနာက္ဆုံးခရီးစဥ္ကိုလိုက္ပို႔ေပးေနသလိုပါပဲ။ ၿခံတြင္းတစ္ေနရာမွာေတာ့ က်င္းတူးၿပီး Aisa ရဲ႕႐ုပ္အေလာင္းကို ေနၾကာပန္းေလးေတြထည့္ကာ ေသေသခ်ာခ်ာျမႇဳပ္ႏွံခဲ့ပါတယ္။

“ကြၽန္မေယာက္်ား အလုပ္ကိစၥနဲ႔အိမ္မွာမရွိတဲ့အခ်ိန္ေတြတုန္းက Coco ကပဲ အေဖာ္လုပ္ေပးခဲ့တာ” လို႔ Rebecca Cassity ငိုရင္းေျပာရွာပါတယ္။

Heidi လို႔ေခၚတဲ့ေခြးေလးဟာ သူမရဲ႕ေနာက္ဆုံးအခ်ိန္မွာေတာင္ ပိုင္ရွင္ေတြျဖစ္တဲ့ Bob နဲ႔ Cindy တို႔ကို စိတ္မခ်ျဖစ္ေနတဲ့မ်က္လုံးေလးနဲ႔ ၾကည့္ေနခဲ့ပါတယ္။ Heidi နဲ႔ အတူတူလက္ပြန္းတတီးေနခဲ့တဲ့ Winnie ဆိုတဲ့ စုတ္ဖြားေခြးေလးဟာ Heidi ရဲ႕ေနာက္ဆုံးထြက္သက္အထိ မွန္ျပဴတင္းေပါက္နားမွာပဲ ရွိေနခဲ့ပါတယ္။

Ally ရဲ႕ေနာက္ဆုံးထြက္သက္မွာ ပိုင္ရွင္ Gangadyal မိသားစုတစ္ခုလုံး စုံစုံလင္လင္နဲ႔အတူရွိေပးခဲ့ၾကပါတယ္။

Mimosa ဟာ မိသားစုဝင္ေတြအားလုံးရဲ႕ခ်စ္ျခင္းကိုခံၿပီးမွ ေသဆုံးသြားခဲ့ပါတယ္။

celemmrnews

Leave a Reply

Your email address will not be published. Required fields are marked *