တစ်နေ့ကို အပင်တစ်ပင်စိုက်ပြီး သစ်တောကြီးတစ်ခုဖြစ်လာအောင် ဖန်တီးခဲ့သူ
အပင်စိုက်လေ့ရှိသူများသာ ပုံမှန်အရွယ်အစား မြက်ခင်းပြင်တစ်ခုရအောင် ဘယ်လောက်ကြိုးစားအားထုတ်ရတယ်ဆိုတာ နားလည်ကြမှာပါ။ ဒါကြောင့် လူမနေတဲ့ ကျွန်းကြီးတစ်ကျွန်းကို ဧက ၁၃၀၀ ကျော် သစ်တောကြီးတစ်ခုဖြစ်လာအောင် လုပ်ဖို့ဆိုရင်တော့ ဘယ်လောက်တောင် ခက်မလဲဆိုတာ စဉ်းစားသာ ကြည့်ကြပါ။
သစ်တောကြီး ဖြစ်ပေါ်လာတဲ့ ကျွန်းကတော့ အိန္ဒိယနိုင်ငံက မာဂျူလီကျွန်းဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး မြစ်တွင်း ကျွန်းကြီးတစ်ကျွန်းဖြစ်ပါတယ်။ Jadav Payeng အမည်ရ အမျိုးသားဟာ ထိုကျွန်းပေါ်မှာ ၁၉၇၉ ခုနှစ် သူ အသက် ၁၆ နှစ်အရွယ်က စလို့ တစ်ရက်ကို အပင်တစ်ပင်နှုန်းကျ စတင်စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ အခုဆို အသက် ၅၀ ရှိပြီဖြစ်တဲ့ Jadav ဟာ နယူးယောက်မြို့က ဧက ၈၄၀ ရှိတဲ့ Central Park ဥယျာဉ်ကြီးထက်တောင် ကြီးမားတဲ့ သစ်တောကြီးတစ်ခုကို ဖန်တီးနိုင်ခဲ့ပါပြီ။ အဆိုပါသစ်တောဟာ ကျားတွေ၊ ကြံ့တွေ၊ ငှက်တွေနဲ့ ဆင်အကောင်တစ်ရာကျော်တို့ရဲ့ ခိုနားရာ ဖြစ်နေပြီလည်း ဖြစ်ပါတယ်။
Jadav ဟာ အသက်မွေးဝမ်းကျောင်းအလုပ်အနေနဲ့ ဇနီးနဲ့အတူ အနီးအနားက ရွာတွေဆီ နွားနို့ပို့တဲ့ အလုပ်ကို လုပ်ပြီး သစ်ပင်စိုက်တာကိုလည်း နောက်ဆုံးထွက်သက်အထိ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ Jadav အပင်စစိုက်တဲ့အချိန်ကနေ အနှစ် ၃၀နီးပါး ကြာချိန်… ၂၀၀၇ ခုနှစ်မှာတော့ ကမ္ဘာက သူ့ရဲ့ ပတ်ဝန်းကျင်အပေါ် စောင့်ရှောက်မှုတွေနဲ့ပတ်သက်လို့ စသိလာခဲ့ပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သတင်းထောက်တစ်ဦးဖြစ်တဲ့ Jitu Kalita အမည်ရ အမျိုးသားက Jadav ရဲ့ သစ်တောကို တွေ့သွားခဲ့ရာမှပါ။ Kalita ရိုက်ကူးခဲ့တဲ့ Jadav နဲ့ သူ့သစ်တောအကြောင်းကိုတော့ Forest Man လို့ အမည်ပေးထားခဲ့ပါတယ်။
“အဝေးကနေ သစ်တောလို အရာတစ်ခု ထူးဆန်းစွာ တွေ့ခဲ့ရပါတယ်။ ကိုယ်တိုင်ရောက်သွားတဲ့အခါမှာတော့ ကိုယ့်မျက်စိကိုယ် မယုံနိုင်ခဲ့ပါဘူး။ စွန့်ပစ်ကျွန်းတစ်ကျွန်းဟာ သစ်တောကြီး ဖြစ်နေခဲ့တာပါ” လို့ Kalita က သူ့အတွေ့အကြုံကို ဝေမျှပါတယ်။ Jadav ကလည်း Kalita ရောက်လာတုန်းက မုဆိုးတစ်ယောက်လို့သာ ထင်ခဲ့ပြီး နောက်ဆုံး သူနဲ့ သူ့သစ်တောအကြောင်းကို လာမေးခဲ့သူ ဖြစ်နေခဲ့တယ်ဆိုပါတယ်။ Jadav ဟာ နိုင်ငံတစ်ဝှမ်းက သတင်းစာတွေမှာ ‘Forest Man of India’ လို့လည်း ဖော်ပြခြင်း ခံခဲ့ရပြီး အိန္ဒိယအစိုးရမှ ချီးမြှင့်တဲ့ Padma Shri ဆုကို ရရှိခဲ့ပါတယ်။
“လူတွေဟာ သဘာဝတရားကို ဘာမှမကျန်တော့တဲ့အထိ ဖျက်ဆီးပစ်နေကြပါတယ်။ လူတွေအန္တရာယ်ကနေ ဘာဆို ဘာမှ မလုံခြုံနိုင်တော့ပါဘူး။ ဒါကြောင့် သစ်ပင်တွေ လာခုတ်ချင်သူတွေကိုလည်း ကျွန်တော့် သစ်ပင်တွေကို ခုတ်မယ်ဆိုရင် ကျွန်တော့်ကိုသာ အရင်သတ်သွားပါလို့ပဲ ကျွန်တော်ပြောပါတယ်” လို့ Jadav က ပြောပါတယ်။ သူက ဆက်ပြီး “ဒီနေရာဟာ မြို့ပြနဲ့ ကွာခြားပါတယ်။ မြို့ပြက လူတွေဟာ အခန်းတွေထဲမှာ အဲကွန်းတွေ ဖွင့်ပြီး ပြင်ပမှာ လေထုတွေ ညစ်ညမ်းနေတာ ဂရုမစိုက်ကြပါဘူး။ ဒီကလူတွေကတော့ ကိုယ့်အလုပ်ကိုယ်လုပ်၊ လေကောင်းလေသန့်ရှူပြီး အေးချမ်းစွာ နေထိုင်ကြပါတယ်” လို့ ဆိုပါတယ်။
အခုဆို Jadav ပထမဆုံး စိုက်ခဲ့တဲ့ သစ်ပင်ဟာ ပင်စည်တွေ အတော်တောင် ကြီးမားနေပါပြီ။ သူက ထိုသစ်ပင်ကို ပုတ်ပြီး “မင်းကြောင့်သာ မဟုတ်ရင် ငါကမ္ဘာလောကကြီးကို မြင်ခွင့်ရခဲ့မှာ မဟုတ်ဘူး” လို့ Jadav က ပြောခဲ့ပါသေးတယ်။
celemmr
Zawgyi
တစ္ေန႔ကို အပင္တစ္ပင္စိုက္ၿပီး သစ္ေတာႀကီးတစ္ခုျဖစ္လာေအာင္ ဖန္တီးခဲ့သူ
အပင္စုိက္ေလ့ရိွသူမ်ားသာ ပံုမွန္အရြယ္အစား ျမက္ခင္းျပင္တစ္ခုရေအာင္ ဘယ္ေလာက္ႀကိဳးစားအားထုတ္ရတယ္ဆိုတာ နားလည္ၾကမွာပါ။ ဒါေၾကာင့္ လူမေနတဲ့ ကၽြန္းႀကီးတစ္ကၽြန္းကို ဧက ၁၃၀၀ ေက်ာ္ သစ္ေတာႀကီးတစ္ခုျဖစ္လာေအာင္ လုပ္ဖို႔ဆုိရင္ေတာ့ ဘယ္ေလာက္ေတာင္ ခက္မလဲဆိုတာ စဥ္းစားသာ ၾကည့္ၾကပါ။
သစ္ေတာႀကီး ျဖစ္ေပၚလာတဲ့ ကၽြန္းကေတာ့ အိႏၵိယႏုိင္ငံက မာဂ်ဴလီကၽြန္းျဖစ္ၿပီး ကမၻာ့အႀကီးဆံုး ျမစ္တြင္း ကၽြန္းႀကီးတစ္ကၽြန္းျဖစ္ပါတယ္။ Jadav Payeng အမည္ရ အမ်ိဳးသားဟာ ထုိကၽြန္းေပၚမွာ ၁၉၇၉ ခုႏွစ္ သူ အသက္ ၁၆ ႏွစ္အရြယ္က စလို႔ တစ္ရက္ကို အပင္တစ္ပင္ႏႈန္းက် စတင္စိုက္ပ်ိဳးခဲ့တာျဖစ္ပါတယ္။ အခုဆို အသက္ ၅၀ ရိွၿပီျဖစ္တဲ့ Jadav ဟာ နယူးေယာက္ၿမိဳ႕က ဧက ၈၄၀ ရိွတဲ့ Central Park ဥယ်ာဥ္ႀကီးထက္ေတာင္ ႀကီးမားတဲ့ သစ္ေတာႀကီးတစ္ခုကို ဖန္တီးႏုိင္ခဲ့ပါၿပီ။ အဆုိပါသစ္ေတာဟာ က်ားေတြ၊ ႀကံ႕ေတြ၊ ငွက္ေတြနဲ႔ ဆင္အေကာင္တစ္ရာေက်ာ္တုိ႔ရဲ႕ ခိုနားရာ ျဖစ္ေနၿပီလည္း ျဖစ္ပါတယ္။
Jadav ဟာ အသက္ေမြးဝမ္းေက်ာင္းအလုပ္အေနနဲ႔ ဇနီးနဲ႔အတူ အနီးအနားက ရြာေတြဆီ ႏြားႏုိ႔ပို႔တဲ့ အလုပ္ကို လုပ္ၿပီး သစ္ပင္စိုက္တာကိုလည္း ေနာက္ဆံုးထြက္သက္အထိ ဆက္လုပ္သြားမယ္လို႔ ဆိုပါတယ္။ Jadav အပင္စစိုက္တဲ့အခ်ိန္ကေန အႏွစ္ ၃၀နီးပါး ၾကာခ်ိန္… ၂၀၀၇ ခုႏွစ္မွာေတာ့ ကမၻာက သူ႔ရဲ႕ ပတ္ဝန္းက်င္အေပၚ ေစာင့္ေရွာက္မႈေတြနဲ႔ပတ္သက္လို႔ စသိလာခဲ့ပါတယ္။ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး သတင္းေထာက္တစ္ဦးျဖစ္တဲ့ Jitu Kalita အမည္ရ အမ်ိဳးသားက Jadav ရဲ႕ သစ္ေတာကို ေတြ႔သြားခဲ့ရာမွပါ။ Kalita ႐ိုက္ကူးခဲ့တဲ့ Jadav နဲ႔ သူ႔သစ္ေတာအေၾကာင္းကိုေတာ့ Forest Man လို႔ အမည္ေပးထားခဲ့ပါတယ္။
“အေဝးကေန သစ္ေတာလို အရာတစ္ခု ထူးဆန္းစြာ ေတြ႔ခဲ့ရပါတယ္။ ကိုယ္တုိင္ေရာက္သြားတဲ့အခါမွာေတာ့ ကိုယ့္မ်က္စိကိုယ္ မယံုႏုိင္ခဲ့ပါဘူး။ စြန္႔ပစ္ကၽြန္းတစ္ကၽြန္းဟာ သစ္ေတာႀကီး ျဖစ္ေနခဲ့တာပါ” လုိ႔ Kalita က သူ႔အေတြ႔အႀကံဳကို ေဝမွ်ပါတယ္။ Jadav ကလည္း Kalita ေရာက္လာတုန္းက မုဆိုးတစ္ေယာက္လို႔သာ ထင္ခဲ့ၿပီး ေနာက္ဆံုး သူနဲ႔ သူ႔သစ္ေတာအေၾကာင္းကို လာေမးခဲ့သူ ျဖစ္ေနခဲ့တယ္ဆိုပါတယ္။ Jadav ဟာ ႏုိင္ငံတစ္ဝွမ္းက သတင္းစာေတြမွာ ‘Forest Man of India’ လို႔လည္း ေဖာ္ျပျခင္း ခံခဲ့ရၿပီး အိႏၵိယအစုိးရမွ ခ်ီးျမွင့္တဲ့ Padma Shri ဆုကို ရရိွခဲ့ပါတယ္။
“လူေတြဟာ သဘာဝတရားကို ဘာမွမက်န္ေတာ့တဲ့အထိ ဖ်က္ဆီးပစ္ေနၾကပါတယ္။ လူေတြအႏၱရာယ္ကေန ဘာဆို ဘာမွ မလံုၿခံဳႏုိင္ေတာ့ပါဘူး။ ဒါေၾကာင့္ သစ္ပင္ေတြ လာခုတ္ခ်င္သူေတြကိုလည္း ကၽြန္ေတာ့္ သစ္ပင္ေတြကို ခုတ္မယ္ဆိုရင္ ကၽြန္ေတာ့္ကိုသာ အရင္သတ္သြားပါလို႔ပဲ ကၽြန္ေတာ္ေျပာပါတယ္” လို႔ Jadav က ေျပာပါတယ္။ သူက ဆက္ၿပီး “ဒီေနရာဟာ ၿမိဳ႕ျပနဲ႔ ကြာျခားပါတယ္။ ၿမိဳ႕ျပက လူေတြဟာ အခန္းေတြထဲမွာ အဲကြန္းေတြ ဖြင့္ၿပီး ျပင္ပမွာ ေလထုေတြ ညစ္ညမ္းေနတာ ဂ႐ုမစိုက္ၾကပါဘူး။ ဒီကလူေတြကေတာ့ ကိုယ့္အလုပ္ကိုယ္လုပ္၊ ေလေကာင္းေလသန္႔႐ွဴၿပီး ေအးခ်မ္းစြာ ေနထုိင္ၾကပါတယ္” လို႔ ဆိုပါတယ္။
အခုဆို Jadav ပထမဆံုး စိုက္ခဲ့တဲ့ သစ္ပင္ဟာ ပင္စည္ေတြ အေတာ္ေတာင္ ႀကီးမားေနပါၿပီ။ သူက ထုိသစ္ပင္ကို ပုတ္ၿပီး “မင္းေၾကာင့္သာ မဟုတ္ရင္ ငါကမၻာေလာကႀကီးကို ျမင္ခြင့္ရခဲ့မွာ မဟုတ္ဘူး” လို႔ Jadav က ေျပာခဲ့ပါေသးတယ္။
celemmr