TV အဟောင်းများကို လမ်းဘေးခွေးများအတွက် အဆင်ပြေတဲ့နေအိမ်အဖြစ် ပြောင်းလဲပေးခဲ့တဲ့ အမျိုးသား

TV အဟောင်းများကို လမ်းဘေးခွေးများအတွက် အဆင်ပြေတဲ့နေအိမ်အဖြစ် ပြောင်းလဲပေးခဲ့တဲ့ အမျိုးသား

အသက် ၃၂ နှစ်အရွယ် Abhijit Dowarah အမည်ရှိ စီးပွါးရေးလုပ်ငန်းရှင်အမျိုးသားတစ်ဦးဟာ လမ်းဘေးခွေးများအတွက် တီဗီဟောင်းများကို သက်သောင့်သက်သာရှိတဲ့အိမ်များအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ Abhijit ဟာ မကြာသေးခင်က ဆိုးရွားတဲ့ရာသီဥတုကြောင့် အိန္ဒိယမြောက်ပိုင်း Sivasagar ပြည်နယ်ရဲ့လမ်းများပေါ်ရှိ လေလွင့်နေတဲ့ခွေးများရဲ့ကျန်းမာရေးကို စိုးရိမ်ခဲ့တာကြောင့် ဒီလိုတီထွင်ဖန်တီးမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ Abhijit ဟာ သူ့ရဲ့အိမ်မှ TVဟောင်းတစ်ခုကိုဆွဲထုတ်ပြီး ခွေးများခိုလှုံရာအိမ်အဖြစ်သို့ ပြောင်းလိုက်ပါတယ်။သူလုပ်ပေးခဲ့တဲ့ အိမ်ကသေးငယ်လွန်းတာကြောင့် ပိုကြီးတာပြုလုပ်ပေးရန် နှင့် ၎င်းအိမ်ထဲမှာ ရေခွက်ထည့်လို့ရအောင် ၊သက်သောက်သက်သာရှိစေရန် အသုံးမပြုတော့တဲ့ဟောင်းနွမ်းတဲ့ကျောင်းတီဗီဟောင်းများကို ရှာဖွေပြီးပြုလုပ်ပေးရန် ဆုံးဖြတ်ခဲ့ပါတယ်။ခွေးလေးတွေကိုဆွဲဆောင်ရန် အိမ်ကိုအဝါရောင်ဆေးခြယ်ထားပြီး သဘာဝအစိမ်းရောင်နှင့်ပါ ပေါင်းစပ်ထားပါသေးတယ်။

၎င်းခွေးအိမ်ကိုအဝေးကနေလည်း လှမ်းမြင်နိုင်ပါတယ် လို့ Abhijit က ဆိုခဲ့ပါတယ်။“အရင်က ကျွန်တော်ဆို ကားမောင်းနေတုန်း လမ်းမပေါ် ခွေးတွေ ဝင်လာတာကို ကျွန်တော်အရမ်းဒေါသထွက်နေခဲ့တယ် ၊ ဒါပေမဲ့ လွန်ခဲ့တဲ့ငါးနှစ်က ကျွန်တော့်အစ်ကိုက ခွေးတစ်ကောင်လက်ဆောင်ပေးခဲ့ပြီးနောက်မှာတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့တယ် ၊ ကျွန်တော်က တိရိစ္ဆာန်တွေအပေါ် သနားကြင်နာတတ်လာပြီး သူတို့ကိုကူညီဖို့ အမြဲစဉ်းစားလာတော့တယ်” လို့ Abhijit က ခွေးနေအိမ်ဆောက်ပေးရခြင်းရဲ့ရည်ရွယ်ချက်ကို ပြောပြခဲ့ပါတယ်။ Abhijit ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလ 4 ရက်နေ့ကနေ စတင်ပြီး အပတ်တိုင်းအနည်းဆုံးခွေးအိမ်တစ်လုံး တည်ဆောက်ရန်စီစဉ်ထားခဲ့ပါတယ်။ကျွန်တော့်ရဲ့နောက်ပိုင်းအိမ်မက်က လမ်းဘေးခွေးလေးကို အကာအကွယ်ပေးဖို့ဘဲ ဖြစ်တယ်လို့လည်း ဆိုခဲ့ပါသေးတယ်။

1.

2.

3.

4.

Mia (Mckzone Daily)

Source : metro

Zawgyi

TV အေဟာင္းမ်ားကို လမ္းေဘးေခြးမ်ားအတြက္ အဆင္ေျပတဲ့ေနအိမ္အျဖစ္ ေျပာင္းလဲေပးခဲ့တဲ့ အမ်ိဳးသား

အသက္ ၃၂ ​​ႏွစ္အ႐ြယ္ Abhijit Dowarah အမည္ရွိ စီးပြါးေရးလုပ္ငန္းရွင္အမ်ိဳးသားတစ္ဦးဟာ လမ္းေဘးေခြးမ်ားအတြက္ တီဗီေဟာင္းမ်ားကို သက္ေသာင့္သက္သာရွိတဲ့အိမ္မ်ားအျဖစ္ ေျပာင္းလဲေပးခဲ့ပါတယ္။ Abhijit ဟာ မၾကာေသးခင္က ဆိုး႐ြားတဲ့ရာသီဥတုေၾကာင့္ အိႏၵိယေျမာက္ပိုင္း Sivasagar ျပည္နယ္ရဲ႕လမ္းမ်ားေပၚရွိ ေလလြင့္ေနတဲ့ေခြးမ်ားရဲ႕က်န္းမာေရးကို စိုးရိမ္ခဲ့တာေၾကာင့္ ဒီလိုတီထြင္ဖန္တီးမႈတစ္ခုကိုျပဳလုပ္ခဲ့ပါတယ္။ Abhijit ဟာ သူ႔ရဲ႕အိမ္မွ TVေဟာင္းတစ္ခုကိုဆြဲထုတ္ၿပီး ေခြးမ်ားခိုလႈံရာအိမ္အျဖစ္သို႔ ေျပာင္းလိုက္ပါတယ္။သူလုပ္ေပးခဲ့တဲ့ အိမ္ကေသးငယ္လြန္းတာေၾကာင့္ ပိုႀကီးတာျပဳလုပ္ေပးရန္ ႏွင့္ ၎အိမ္ထဲမွာ ေရခြက္ထည့္လို႔ရေအာင္ ၊သက္ေသာက္သက္သာရွိေစရန္ အသုံးမျပဳေတာ့တဲ့ေဟာင္းႏြမ္းတဲ့ေက်ာင္းတီဗီေဟာင္းမ်ားကို ရွာေဖြၿပီးျပဳလုပ္ေပးရန္ ဆုံးျဖတ္ခဲ့ပါတယ္။ေခြးေလးေတြကိုဆြဲေဆာင္ရန္ အိမ္ကိုအဝါေရာင္ေဆးျခယ္ထားၿပီး သဘာဝအစိမ္းေရာင္ႏွင့္ပါ ေပါင္းစပ္ထားပါေသးတယ္။

၎ေခြးအိမ္ကိုအေဝးကေနလည္း လွမ္းျမင္ႏိုင္ပါတယ္ လို႔ Abhijit က ဆိုခဲ့ပါတယ္။“အရင္က ကြၽန္ေတာ္ဆို ကားေမာင္းေနတုန္း လမ္းမေပၚ ေခြးေတြ ဝင္လာတာကို ကြၽန္ေတာ္အရမ္းေဒါသထြက္ေနခဲ့တယ္ ၊ ဒါေပမဲ့ လြန္ခဲ့တဲ့ငါးႏွစ္က ကြၽန္ေတာ့္အစ္ကိုက ေခြးတစ္ေကာင္လက္ေဆာင္ေပးခဲ့ၿပီးေနာက္မွာေတာ့ အရာအားလုံးက ေျပာင္းလဲသြားခဲ့တယ္ ၊ ကြၽန္ေတာ္က တိရိစာၦန္ေတြအေပၚ သနားၾကင္နာတတ္လာၿပီး သူတို႔ကိုကူညီဖို႔ အၿမဲစဥ္းစားလာေတာ့တယ္” လို႔ Abhijit က ေခြးေနအိမ္ေဆာက္ေပးရျခင္းရဲ႕ရည္႐ြယ္ခ်က္ကို ေျပာျပခဲ့ပါတယ္။ Abhijit ဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာလ 4 ရက္ေန႔ကေန စတင္ၿပီး အပတ္တိုင္းအနည္းဆုံးေခြးအိမ္တစ္လုံး တည္ေဆာက္ရန္စီစဥ္ထားခဲ့ပါတယ္။ကြၽန္ေတာ့္ရဲ႕ေနာက္ပိုင္းအိမ္မက္က လမ္းေဘးေခြးေလးကို အကာအကြယ္ေပးဖို႔ဘဲ ျဖစ္တယ္လို႔လည္း ဆိုခဲ့ပါေသးတယ္။

1.

2.

3.

4.

Mia (Mckzone Daily)

Source : metro

Leave a Reply

Your email address will not be published. Required fields are marked *