ဘဝပေးကံကြောင့်လက်နှစ်ဖက်မပါဘဲမွေးဖွားလာခဲ့ပေမဲ့ ဘဝကိုအရှုံးမပေးသူအဖြစ် လေးစားသတ်မှတ်ခြင်းခံခဲ့ရတဲ့ ကောင်လေး

ဘဝပေးကံကြောင့်လက်နှစ်ဖက်မပါဘဲမွေးဖွားလာခဲ့ပေမဲ့ ဘဝကိုအရှုံးမပေးသူအဖြစ် လေးစားသတ်မှတ်ခြင်းခံခဲ့ရတဲ့ ကောင်လေး

တရုတ်နိုင်ငံရှိ အသက်၈နှစ်အရွယ် ကောင်လေးတစ်ဦးဟာ လက်နှစ်ဖက်မပါဘဲ မွေးဖွားလာကာ လူ့လောကထဲရောက်ရှိလာခဲ့ရပါတယ်။လက်နှစ်ဖက်မပါတာကြောင့် စာသင်ခန်းထဲရှေ့ဆုံးခုံမှာ ထိုင်ရတဲ့ အဆိုပါ Jiang Tianjinဆိုတဲ့ ကောင်လေးဟာ တခြားသူတွေရဲ့ အာရုံစူးစိုက်မှုကိုလည်း အမြဲခံနေရပါတယ်။Jiangကို သူ့ဆရာမက မကူညီနိုင်ခဲ့ပေမဲ့ သူဟာ ခြေထောက်ဖြင့် စာကိုဘယ်လိုရေးရပုံကို ကိုယ်တိုင် ကြိုးစားသင်ယူနိုင်ခဲ့ပြီး သတင်းထောက်တွေကိုလည်း သူ့ရဲ့နောက်ဆုံးအောင်မြင်မှုကို ဂုဏ်ယူစွာပြသနိုင်ခဲ့ပါတယ်။သူဟာ စာမေးပွဲတွေမှာလည်း အမှတ်ကောင်းတွေရရှိခဲ့ပါတယ်။Shanghaiist သတင်းအရ Jiangဟာ မွေးဖွားလာချိန်ကတည်းက ကြမ်းတမ်းစွာဘဝကို စတင်ခဲ့ရပါတယ်။မိခင်ဖြစ်သူဟာ လက်မပါတဲ့ကလေးမွေးလာတာကို သူမသတိပြုမိတော့ ဖျော့တော့လာကာ သတိလစ်သွားခဲ့ရပါတယ်။မိသားစုတွေက သူမသတိလစ်နေစဉ် ကလေးအား တက္ကစီကားဆရာကို ပေးရန် ဆုံးဖြတ်ခဲ့ကြပါတယ်။မိခင်ဖြစ်သူနိုးလာတော့ ကလေးပျောက်နေခဲ့တာကြောင့် သူမဟာ တုန်လှုပ်စွာ ငိုကြွေးနေခဲ့ပါတယ်။

1.

2.

3.

4.

စိတ်မကောင်းစွာနဲ့ အဆိုပါ ကားဆရာဟာ ကလေးလက်မပါနေတာကို သိသွားချိန်မှာတော့ လမ်းဘေးတစ်နေရာမှာ ပစ်ထားခဲ့ပြန်ပါတယ်။ကံကောင်းချင်တော့ ရဲတွေက ကလေးကို တွေ့ရှိခဲ့ရပြီး ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကြပြီးနောက် Jiangဟာ ကြေကွဲစွာ ငိုကြွေးနေခဲ့တဲ့ မိခင်ဖြစ်သူရဲ့နွေးထွေးတဲ့ရင်ခွင်ထဲကို ပြန်ရောက်သွားခဲ့ရပါတယ်။မိခင်ဖြစ်သူဟာ အဲဒီအချိန်ကစပြီးသူမကလေးအား တစ်သက်လုံးပြုစုစောင့်ရှောက်ရန် ကတိသစ္စာပြုခဲ့ပြီး စာရေးတတ်ရန် ခြေထောက်ကို ဘယ်လိုအသုံးပြုရမည်ကို သေချာစွာ သင်ကြားပေးခဲ့ပါတယ်။ချို့ယွင်းချက်တွေရှိနေပေမဲ့ အသက်၈နှစ်အရွယ်ကောင်လေးဟာ Sichuanပြည်နယ် Shehongကောင်တီမူလတန်းကျောင်းရှိ သူ့အတန်းဖော်တွေနဲ့ ဆရာ၊ဆရာမတို့ရဲ့ စံပြလှုံဆော်စေသူ တစ်ဦးဖြစ်နေပါတော့တယ်။Jiangလေး စိတ်ဓါတ်မကျဘဲ ဘဝကို အကျိုးရှိရှိဖြတ်သန်းနေနိုင်ဖို့အတွက်လည်း မျှော်လင့်နေမိပါတယ်။

Jasmine (Mckzone Daily)

Source: nextshark

Zawgyi

ဘဝေပးကံေၾကာင့္လက္ႏွစ္ဖက္မပါဘဲေမြးဖြားလာခဲ့ေပမဲ့ ဘဝကိုအရႈံးမေပးသူအျဖစ္ ေလးစားသတ္မွတ္ျခင္းခံခဲ့ရတဲ့ ေကာင္ေလး

တ႐ုတ္ႏိုင္ငံရွိ အသက္၈ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ဦးဟာ လက္ႏွစ္ဖက္မပါဘဲ ေမြးဖြားလာကာ လူ႔ေလာကထဲေရာက္ရွိလာခဲ့ရပါတယ္။လက္ႏွစ္ဖက္မပါတာေၾကာင့္ စာသင္ခန္းထဲေရွ႕ဆုံးခုံမွာ ထိုင္ရတဲ့ အဆိုပါ Jiang Tianjinဆိုတဲ့ ေကာင္ေလးဟာ တျခားသူေတြရဲ႕ အာ႐ုံစူးစိုက္မႈကိုလည္း အၿမဲခံေနရပါတယ္။Jiangကို သူ႔ဆရာမက မကူညီႏိုင္ခဲ့ေပမဲ့ သူဟာ ေျခေထာက္ျဖင့္ စာကိုဘယ္လိုေရးရပုံကို ကိုယ္တိုင္ ႀကိဳးစားသင္ယူႏိုင္ခဲ့ၿပီး သတင္းေထာက္ေတြကိုလည္း သူ႔ရဲ႕ေနာက္ဆုံးေအာင္ျမင္မႈကို ဂုဏ္ယူစြာျပသႏိုင္ခဲ့ပါတယ္။သူဟာ စာေမးပြဲေတြမွာလည္း အမွတ္ေကာင္းေတြရရွိခဲ့ပါတယ္။Shanghaiist သတင္းအရ Jiangဟာ ေမြးဖြားလာခ်ိန္ကတည္းက ၾကမ္းတမ္းစြာဘဝကို စတင္ခဲ့ရပါတယ္။မိခင္ျဖစ္သူဟာ လက္မပါတဲ့ကေလးေမြးလာတာကို သူမသတိျပဳမိေတာ့ ေဖ်ာ့ေတာ့လာကာ သတိလစ္သြားခဲ့ရပါတယ္။မိသားစုေတြက သူမသတိလစ္ေနစဥ္ ကေလးအား တကၠစီကားဆရာကို ေပးရန္ ဆုံးျဖတ္ခဲ့ၾကပါတယ္။မိခင္ျဖစ္သူႏိုးလာေတာ့ ကေလးေပ်ာက္ေနခဲ့တာေၾကာင့္ သူမဟာ တုန္လႈပ္စြာ ငိုေႂကြးေနခဲ့ပါတယ္။

1.

2.

3.

4.

စိတ္မေကာင္းစြာနဲ႔ အဆိုပါ ကားဆရာဟာ ကေလးလက္မပါေနတာကို သိသြားခ်ိန္မွာေတာ့ လမ္းေဘးတစ္ေနရာမွာ ပစ္ထားခဲ့ျပန္ပါတယ္။ကံေကာင္းခ်င္ေတာ့ ရဲေတြက ကေလးကို ေတြ႕ရွိခဲ့ရၿပီး ေဆး႐ုံသို႔ ေခၚေဆာင္သြားခဲ့ၾကၿပီးေနာက္ Jiangဟာ ေၾကကြဲစြာ ငိုေႂကြးေနခဲ့တဲ့ မိခင္ျဖစ္သူရဲ႕ေႏြးေထြးတဲ့ရင္ခြင္ထဲကို ျပန္ေရာက္သြားခဲ့ရပါတယ္။မိခင္ျဖစ္သူဟာ အဲဒီအခ်ိန္ကစၿပီးသူမကေလးအား တစ္သက္လုံးျပဳစုေစာင့္ေရွာက္ရန္ ကတိသစၥာျပဳခဲ့ၿပီး စာေရးတတ္ရန္ ေျခေထာက္ကို ဘယ္လိုအသုံးျပဳရမည္ကို ေသခ်ာစြာ သင္ၾကားေပးခဲ့ပါတယ္။ခ်ိဳ႕ယြင္းခ်က္ေတြရွိေနေပမဲ့ အသက္၈ႏွစ္အ႐ြယ္ေကာင္ေလးဟာ Sichuanျပည္နယ္ Shehongေကာင္တီမူလတန္းေက်ာင္းရွိ သူ႔အတန္းေဖာ္ေတြနဲ႔ ဆရာ၊ဆရာမတို႔ရဲ႕ စံျပလႈံေဆာ္ေစသူ တစ္ဦးျဖစ္ေနပါေတာ့တယ္။Jiangေလး စိတ္ဓါတ္မက်ဘဲ ဘဝကို အက်ိဳးရွိရွိျဖတ္သန္းေနႏိုင္ဖို႔အတြက္လည္း ေမွ်ာ္လင့္ေနမိပါတယ္။

Jasmine (Mckzone Daily)

Source: nextshark

Leave a Reply

Your email address will not be published. Required fields are marked *