စပါးနဲ့ပွဲပထမပိုင်းအပြီး အဝတ်လဲခန်းထဲမှာ အသင်းဖော်တွေနဲ့ ဆိုးလ်ရှားကိုပါ ဝေဖန်ခဲ့တဲ့ဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က တော့တင်ဟမ်ဟော့စပါးအသင်းကို ၆-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ပထမပိုင်းအပြီးမှာ နည်းပြဆိုးလ်ရှားရဲ့ နည်းစနစ်ကို မေးခွန်းထုတ်ခဲ့ပြီး အသင်းဖော်တွေကို ပြစ်တင်ပြောဆိုခဲ့တယ်လို့ Metro ရဲ့သတင်းအရ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ ယခုရာသီရဲ့ ဒုတိယမြောက်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဟိုဆေးမော်ရင်ဟိုရဲ့ တော့တင်ဟမ်ဟော့စပါးအသင်းက သက်တောင့်သက်သာနဲ့ ဂိုးတွေသွင်းယူပြီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားရဲ့ယူနိုက်တက်ဟာ ပထမပိုင်းအပြီးမှာ ၄-၁ နဲ့ …

Read More

နေရာစုံကစားနိုင်တဲ့ အာဆင်နယ်ကြယ်ပွင့်နဲ့ နောက်တဆင့်ဆွေးနွေးမှုတွေ လုပ်နေတဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဆင်နယ်ညာနောက်ခံကစားသမား မိတ်လန်းနိုင်းစ်ကို ခေါ်ယူဖို့အတွက် နောက်တဆင့် ပြောဆိုဆွေးနွေးမှုတွေပြုလုပ်နေပြီလို့ Sport1 ဂျာနယ်လစ် ဖလော်ရီယန်ပလက်တန်ဘတ်ရဲ့ပြောကြားချက်အရ သိရပါတယ်။ သတင်းအရ မိတ်လန်းနိုင်းစ်ရဲ့ အပြောင်းအရွှေ့ဟာ ယူရို ၂၂ သန်းနဲ့ အခြားထပ်ဆောင်းပေးချေမှုတွေ ပါဝင်လိမ့်မယ်လို့ သိရပြီး တကယ်လို့ အပြောင်းအရွှေ့သာဖြစ်မြောက်ခဲ့မယ်ဆိုရင် ယူနိုက်တက်ရဲ့ ယခုနွေရာသီ ဒုတိယမြောက်ကစားသမားခေါ်ယူမှုဖြစ်လာတော့မှာဖြစ်ပါတယ်။ နေရာစုံမှာ ကစားနိုင်တဲ့ အသက် ၂၃ နှစ်အရွယ်ကစားသမားကို နည်းပြအာတီတာက …

Read More

ဖာနန်ဒက်အပေါ် သံသယဝင်မိတာမှားယွင်းခဲ့ကြောင်းနှင့် တကယ်တမ်းတော့ဖာနန်ဒက်က သူ့ရဲ့ခြေစွမ်းကောင်းအောင် ကူညီပေးခဲ့သူဖြစ်ခဲ့ကြောင်း မာတစ်ဝန်ခံ

ဖာနန်ဒက်အပေါ် သံသယဝင်မိတာမှားယွင်းခဲ့ကြောင်းနှင့် တကယ်တမ်းတော့ဖာနန်ဒက်က သူ့ရဲ့ခြေစွမ်းကောင်းအောင် ကူညီပေးခဲ့သူဖြစ်ခဲ့ကြောင်း မာတစ်ဝန်ခံ ကွင်းလယ်လူမာတစ်က Sky Sport ရုပ်သံလိုင်းတစ်ခုမှပြုလုပ်သည့် အစီအစဉ်၌ပြောခဲ့သည့် စကားများဖြစ်သည်။ “အခုအခြေအနေက ကျွန်တော်ချယ်လ်ဆီး အသင်းမှာစကစားတုန်းက အခြေအနေနဲ့ သွားတူနေပါတယ်။အဲ့တုန်းကကျွန်တော် ကစားတဲ့နေရာမှာ မိုက်ကယ်ဘော်လက်၊ အက်ဆီယံအစရှိတဲ့ ထိပ်တန်း ကစားသမားတွေရှိနေပါတယ်။ ဒါပေမယ့် လမ်းပတ်က ကျွန်တော်ကစားရတဲ့နေရာနဲ့ တူညီပေမယ့်သူက ပွဲတိုင်းလိုလို ပါဝင်ကစားတဲ့သူပါ။ အကြောင်းကတော့သူဟာကွင်းလယ်နေရာမှာကစားပေမယ့်ဂိုးတွေအမြဲလိုလိုသွင်းယူတက်တဲ့သူဖြစ်တာကြောင့်ပါ။နေရာတွေလုရမှာကကျွန်တော့်ရဲ့အလုပ်ဖြစ်လာပါတယ်။ပုံမှန်ပွဲထွက်ခွင့်တွေရဖို့အခုလိုနေရာလုရတဲ့အပေါ်ကျွန်တော့်ဘက်ကကြောက်လန့်မှုတွေမရှိခဲ့ပါဘူး။ အသင်းနိုင်ပွဲရတဲ့အချိန်မှာလည်း …

Read More

အသက်(၂၁)နှစ်ပြည့်သွားပြီဖြစ်တဲ့ မြန်မာ့ဂုဏ်ဆောင်ကြက်တောင်အားကစားမယ် သက်ထားသူဇာ

သက်ထားသူဇာကတော့ မြန်မာ့အားကစားလောကမှာ မသိသူမရှိလောက်အောင် မြန်မာနိုင်ငံရဲ့ဂုဏ်ကို ဆောင်နိုင်နေစဲဖြစ်တဲ့ ကြက်တောင်အားကစားမယ်တစ်ယောက်ပါ။သူကတော့ ကြက်တောင်ကစားသမားဟောင်းတွေဖြစ်တဲ့ မိဘတွေရဲ့ဂုဏ်ကိုဆောင်နိုင်သူတစ်ယောက်လည်းဖြစ်ပြီး ဖခင်ဖြစ်သူကိုယ်တိုင်ကလည်း မြန်မာပြည်တံခွန်စိုက်ကြက်တောင်ရိုက်ချန်ပီယံဆုကို လေးကြိမ်တိုင်တိုင်ဆွတ်ခူးရယူနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် သက်ထားသူဇာဟာ ထိုင်းနိုင်ငံမှာဖခင်ဖြစ်သူ ကြက်တောင်နည်းပြအဖြစ် သွားရောက်လုပ်ကိုင်စဉ်မှာ ကြက်တောင်အားကစားကို စတင်ကစားခဲ့ပြီး ထိုင်းဘုရင်မင်းမြတ်ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆု (၆)ဆုကိုလည်း ရရှိထားသူတစ်ယောက်ပါ။(၂၀၁၁)ခုနှစ် မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာတဲ့အချိန်မှာ လက်ရွေးစင်ကစားသမားအဖြစ်ရွေးချယ်ခံခဲ့ရတဲ့ သက်ထားသူဇာကတော့ အခုဆိုရင် နိုင်ငံတကာပြိုင်ပွဲတွေဆက်တိုက်ဆိုသလို သွားရောက်ယှဉ်ပြိုင်နေရပြီး နိုင်ငံအတွက် ရွှေတံဆိပ်ဆုတွေကိုလည်း …

Read More

ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ကိစ္စကို ပြန်လည်လုပ်ဆောင်လာဖွယ်ရှိနေတဲ့ ပေါ့ဘာ

လက်ရှိမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းက ၂နှစ်သာကျန်ရှိနေတော့ပြီး စာချုပ်သစ်ချုပ်ဆိုဖို့ကိုလည်း လုံးဝလုပ်ဆောင်ခြင်းမရှိတဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ အခုဆိုရင်တော့ သူရဲ့ခြေချင်းဝတ်ဒဏ်ရာကနေ အရှင်းပျောက်ကင်းလာခဲ့ပြီဖြစ်လို့ အသင်းနဲ့အတူ ပြန်လည်ပွဲထွက်ကစားဖို့ ရှိနေသလို သူရဲ့ ယူနိုက်တက်အသင်းမှာလည်း လတ်တလောမှာ ရလဒ်တွေအလွန်ကောင်းမွန်နေပြီး လမ်းကြောင်းမှန်ပေါ်ရောက်ရှိနေတာကြောင့် အသင်းမှာ နောက်ထပ်နှစ်အနည်းငယ်အထိ ဆက်လက်ရှိနေဖို့ စိတ်ပါဝင်စားလာခဲ့တယ်လို့ Mail Online ကနေ ဖော်ပြလာခဲ့ပါတယ်။ အသက်၂၆နှစ်အရွှယ် ပြင်သစ်ကွင်းလယ်ကစားသမားပေါ့ဘာဟာ ဒီနှစ်ဘောလုံးရာသီအစလောက်ကတည်းက …

Read More

ရီးရဲလ်မက်ဒရစ် အသင်းဟာ လာမယ့်နွေဈေးကွက် ၌အသင်းရဲ့ ဂိုးသမား David Degea အားပေါင်သန်း၇၀ဖြင့် ခေါ်ယူ စီစဉ်နေကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ လာမယ့်နွေဈေးကွက် ၌အသင်းရဲ့ ဂိုးသမား David Degea အားပေါင်သန်း၇၀ဖြင့် ခေါ်ယူ စီစဉ်နေကြောင်း သိရပါတယ်။ ရီးရဲလ်အသင်းဟာ David Degea အား ခေါ်ယူရန် လွန်ခဲ့တဲ့ နှစ်များကတည်း,ကလည်းအထူးတလည် ဆန္ဒရှိနေပြီးဖြစ်ပါတယ်။ လက်ရှိ၎င်းတို့အသင်း၌ ဂိုးသမား ကော်တိုရစ် ရှိသော်ငြားလည်း David Gegea အား ခေါ်ယူရန် အစီအစဉ်ရှိနေဆဲပင် ဖြစ်ပါတယ်။ Man …

Read More

ရွန်းနီရဲ့ ဂိုးသွင်းစံချိန်ထက် ချန်ပီယံဆုတွေရဖို့နဲ့ ဂန္တဝင်ကစားသမားဖြစ်ဖို့သာ ပစ်မှတ်ထားနေတဲ့ ရက်ရှ်ဖို့ဒ်

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်က ရွန်းနီရဲ့ ဂိုးသွင်းစံချိန်ကို လိုက်မီဖို့ထက် မန်ချက်စတာယူနိုက်တက်နဲ့အတူ အောင်မြင်မှုတွေ ရယူပြီး ဂန္တဝင်ကစားသမား တစ်ယောက် ဖြစ်လာဖို့ကိုသာ ရည်မှန်းထားကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ်သာ ရှိသေးတဲ့ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အတွက် ၂၀၁ ပွဲကစားပြီး ၆၄ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီဖြစ်ပြီး သူ့ရဲ့ ရည်မှန်းချက်က ဝိန်းရွန်းနီရဲ့၂၅၃ ဂိုးစံချိန်ကို လိုက်မီဖို့ မဟုတ်ကြောင်း …

Read More

ယခုထက် ပိုကောင်းလာနိုင်သေးတယ်လို့ ဖာနန်ဒက်စ် ကြုံးဝါး

ယူနိုက်တက်အသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က အဲဗာတန်နဲ့ပွဲမှာ ချေပဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဒီထက်ပိုကောင်းလာနိုင်သေးတယ်လို့ ယုံကြည်ကြောင်း အခိုင်အမာ ပြောကြားလိုက်ပါတယ်။ ပေါ်တူဂီကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလက အမြင့်ဆုံး ပေါင် ၆၈ သန်းအထိ ရောက်ရှိနိုင်တဲ့ ပြောင်းရွှေ့ကြေးနဲ့ စပို့တင်းလစ္စဘွန်းကနေ ရောက်ရှိလာချိန်ကတည်းက အထူးခြေစွမ်းပြနေပြီး အသင်းအတွက် ၃ ဂိုးသွင်းယူထားသလို ပရီးမီးယားလိဂ် ၄ ပွဲမှာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးထားပါတယ်။ …

Read More

အမှားလုပ်ခဲ့ပေမယ့် ကောင်းမွန်တဲ့ ကာကွယ်မှုတွေ ပြန်လုပ်ပေးခဲ့တဲ့ ဒီဂီယာကို ချီးကျူးခဲ့တဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးလ်ရှားက အဲဗာတန်နဲ့ ပွဲမှာ ဒီဂီယာ လုပ်ခဲ့တဲ့ အမှားက ကံမကောင်းလို့သာဖြစ်ကြောင်းပြောခဲ့ပြီး နောက်ပိုင်းမှာ ကာကွယ်မှုတွေ ပြန်လုပ်ပေးခဲ့တဲ့ ဒီဂီယာကို ချီးကျူးသွားခဲ့ပါတယ်။ စပိန်သားဂိုးသမားဟာ ဘောလုံးကို ကန်တင်ပေးဖို့ ကြိုးစားရာကအဲဗာတန် တိုက်စစ်မှူး ကယ်ဗတ်လီဝင်နဲ့ ထိပြီး ဘောလုံးက ဂိုးပေါက်ထဲ တန်းတန်းမတ်မတ်ဝင်သွားခဲ့တာ ဖြစ်ပါတယ်။ အမှားလုပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ကယ်ဗတ်လီဝင်ရဲ့ အပိုင်အခွင့်အရေးတွေနဲ့ ဆီဂတ်ဆန်ရဲ့ …

Read More

နယူးကာဆယ်နဲ့အဆင်မပြေဖြစ်ပြီး ယူနိုက်တက်ကို ဈေးမြှင့်ပြီး ပြန်ကမ်းလှမ်းလာနိုင်တဲ့ ဆော်ဒီမင်းသား

နယူးကာဆယ်ကို ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဆော်ဒီရင်းနှီးမြှုပ်နှံမှုအဖွဲ့ဟာ နယူးကာဆယ်ယူနိုက်တက်ကို ဝယ်ယူဖို့ ကြိုးပမ်းမှု ကြန့်ကြာလာတဲ့အတွက် မန်ချက်စတာယူနိုက်တက်ကို ပြန်လည်စိတ်ဝင်စားလာကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ နယူးကာဆယ်ကို ဝယ်ယူဖို့ အသင်းပိုင်ရှင် မိုက်အက်ရှလေနဲ့ တိုက်ရိုက် သဘောတူညီမှု ရယူဖို့ကြိုးပမ်းလာတဲ့ ဆော်ဒီမင်းသားဘင်ဆယ်လ်မန်ရဲ့ စိတ်ကူးနဲ့ ပက်သက်လို့တော့ နယူူးကာဆယ်နည်းပြ စတိဗ်ဘရုစ်က အေးတိအေးစက်နဲ့သာ တုံ့ပြန်ခဲ့ပါတယ်။ ဆော်ဒီရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ အဖွဲ့အစည်းက နယူးကာဆယ်အသင်းကို ပေါင် …

Read More